စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်း ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်း ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖြေကြား

    ပထမဦးဆုံးကတော့ ဒီကန့်ဘလူဒေသ  ပဇီကြီးကျေးရွာနဲ့ ပတ်သက်ပြီးတော့ နောက်ခံ အခြေအနေကို သိထားဖို့လိုပါတယ်။ ဒီနှစ် မတ်လပိုင်းက ပဇီကြီးကျေးရွာဥက္ကဋ္ဌကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက စွပ်စွဲပြီးတော့ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိ ခဲ့တယ်။ ပြီးရင် ပဇီကြီးကျေးရွာမှာ တစ်ရွာလုံး ကိုခြိမ်းခြောက်ပြီး PDF အဖြစ် ခိုင်းတဲ့ဟာ တွေရှိတယ်။ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့ တွေကိုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာတော့ NUG/CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ လှုံ့ဆော်နေတာ တွေလည်း တွေ့ရလိမ့်မယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ တချို့သောကျေးရွာ တွေမှာ ခုနပြောတဲ့ သူတို့အကြမ်းဖက်ကိုပဲ အမည်ခံထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လိုဟာမျိုးတွေ၊ ပြီးရင်တော့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ရုံးတွေဖွင့်ဖို့  လှုံ့ဆော်နေတာတွေ ရှိပါတယ်။ တပ်မတော်အနေနဲ့  ကတော့ ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေး အတွက် ကျွန်တော်တို့ဆောင်ရွက်နေတာရှိ ပါတယ်။ အခုဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသ ကြီးမှာ ဘုန်းကြီးတွေ၊ ရဟန်းတွေ၊ ကျောင်း ဆရာ၊ ဆရာမတွေ ပြီးရင် အပြစ်မဲ့ပြည်သူ လူထုကို စွပ်စွဲသတ်ဖြတ်တာ အများဆုံး ဒေသဖြစ်ပါတယ်။ ပြီးရင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာပဲ သူတို့ကို မထောက်ခံတဲ့သူတွေ၊ သူတို့ကို မထောက်ခံတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာလည်း အများဆုံးဖြစ်ပါတယ်။

ဒီမနက်ဖြစ်စဉ်မှာတော့ မနက် ၈ နာရီ လောက်မှာ အဲ့ဒီပဇီကြီးကျေးရွာမှာ NUG/CRPH  အမည်ခံအဖွဲ့ သူတို့ပြောနေတဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ပြီးရင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အမည်ခံ၊ PDF အမည်ခံအဖွဲ့တွေရဲ့  ရုံးဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာ နဲ့ပတ်သက်ပြီး   တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ကျွန်တော်တို့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေ   သေဆုံးတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ဒါပြောရမယ်

ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ ပြည်သူ လူထုကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက အတိုင်းပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေ တော်တော်များများသည် ယူနီဖောင်းတွေနဲ့ ပုံတွေလည်းဖြစ်ပါတယ်။  တချို့လည်း အရပ်ဝတ်နဲ့ပုံ ပါချင်ပါမှာပေါ့။ ဒါတွေက တော့ သူတို့အနေနဲ့ကတော့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ သေဆုံးသွားတယ်ဆိုရင် အရပ်သား သေဆုံးတယ်လို့ပြောတယ်။ သူတို့အောင်ပွဲရရင် တော့ PDF ပါဆိုပြီး ပြောတဲ့ဟာတွေ ရှိပါတယ်။ ဒီလိုစွပ်စွဲချက်တွေကတော့ ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့ မြေပြင်သတင်းမှာလည်း ရရှိတဲ့သတင်းအရ ဒါသည် ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုတစ်ခု တည်းကြောင့် ဖြစ်သွားတာမဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲ့ဒီအဖွဲ့တွေအနေနဲ့ အဲ့ဒီ နေရာလေးတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့ ကနေ အသုံးပြုနေတဲ့ မိုင်းတွေထောင်ထား တာတွေရှိတယ်။ ပြီးရင်  PDF အဖွဲ့ အသုံးပြုနေတဲ့  ယမ်းတွေမိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့ နေရာရှိ တယ်။ အဲ့နေရာတည့်တည့်ကို ကျွန်တော်တို့လက်နက်   ထိမှန်တဲ့အတွက်ကြောင့်မို့လို့ ပေါက်ကွဲပြီးတော့ သေဆုံးသွားတယ် ဆိုတာကိုလည်း  ကျွန်တော်တို့  သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ ဒီ PDFအမည်ခံအဖွဲ့တွေဟာ မြေပြင်လုပ်ဆောင်နေတာတွေဟာ တကယ့်စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ မြေပြင်မှာ လုပ်ဆောင်နေတာတွေဟာ  တကယ့် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းတွေကို  လုပ်ဆောင်နေတာဖြစ်တယ်။   သူတို့ရဲ့ လုပ်ဆောင်နေတဲ့ ဟာတွေသည် သူတို့ကို မထောက်ခံတဲ့ရွာ၊   မထောက်ခံတဲ့  ရွာတောင်မဟုတ်ဘူး ကြားနေတဲ့ ရွာတွေ ကို မီးရှို့ဖျက်ဆီးတာတွေ၊ ခြိမ်းခြောက်တာ တွေလုပ်တယ်။  ဒါတွေကို  မကြာခဏ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ ကျေးရွာတွေမှာရှိတဲ့  ကျောင်းတွေ၊  ဘုန်းကြီးကျောင်းတွေ၊  စာသင်ကျောင်းတွေကို ခံစစ်နေရာအဖြစ်  အသုံးပြုတာတွေရှိတယ်။   ကျေးရွာတွေမှာရှိတဲ့  စာသင် ကျောင်းတွေကိုပိတ်ခိုင်းထားပြီး  တချို့နေရာတွေမှာ သဲအိတ်တွေထပ်ပြီး ဘန်ကာသဖွယ် အသုံးပြုနေတဲ့ဟာမျိုးတွေရှိတယ်။

ဒါ့အပြင် သူတို့ရဲ့ပိုပြီးယုတ်မာမှုက ဘာကိုယုတ်မာလဲဆိုတော့ သူတို့တစ်ခုခု အခမ်းအနား တစ်ခုလုပ်ပြီး သင်တန်းဥပမာပေါ့နော်  PDF အကြမ်းဖက်အဖွဲ့  မတက်မနေရ၊ တစ်အိမ်ကိုတစ်ယောက် မတက်မနေရ ဆိုပြီး ခြိမ်းခြောက်တဲ့အနေနဲ့ တက်ခိုင်းတယ်။ ရက်ပိုင်းမှာ  သင်တန်းဆင်းပွဲလုပ်တယ်။  လုပ်ပြီဆိုရင်   မဖြစ်မနေ အိမ်တိုင်းက မိန်းမတွေ၊ ကလေးတွေပါ ထွက်ပြီးတော့ကျမှ   အားပေးဝန်းရံတယ်ဆိုပြီး လုပ်တာတွေတွေ့ရပါတယ်။

ကျွန်တော်တို့အနေနဲ့တောင်မှ စုံစမ်းစရာမလိုဘူး။ သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ပုံတွေက ကလေးတွေကအစ သေနတ်ကိုင် ထားတဲ့ပုံတွေ တွေ့ရပါလိမ့်မယ်။ ကလေးတွေကအစ  သူတို့အကြမ်းဖက်အဖွဲ့ကို ကြိုဆိုခိုင်းထားတာတွေ  တွေ့ရပါလိမ့်မယ်။ ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ပြောသလို  သူတို့ရဲ့လက်နက်ခဲယမ်းတိုက် ယမ်းတွေ သိုလှောင်ထားတဲ့နေရာ  ထိမှန် ခဲ့တာရှိတယ်။   အဲ့ဒီကနေပေါက်ကွဲခဲ့တာရှိတယ်။ အဲ့ဒီကနေ ပေါက်ကွဲခဲ့တဲ့ အတွက်ကြောင့်မို့လို့ ခုနပြောတဲ့ သူတို့အတင်း ဝန်းရံခိုင်းထားတဲ့သူတွေပေါ့၊ PDF ထောက်ခံသူတွေ၊  ဒါမှမဟုတ် သူတို့ကိုကြောက်လို့ ဝန်းရံနေရတဲ့သူတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့ ရှိကောင်းရှိနိုင်တယ်လို့ပဲ   ကျွန်တော်ဖြေချင်ပါတယ်။    ။