ပျဉ်းမနားမြို့နယ်၊ ပြဒါးချောင်းကျေးရွာနှင့် ဂမုန်းတောင်ကျေးရွာရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ဧပြီ - ၁၃
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြဒါးချောင်းကျေးရွာနှင့် ဂမုန်းတောင်ကျေးရွာတို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဧပြီ ၁၂ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း က နယ်မြေခံတပ်ရင်း ခန်းမနှင့် ဂမုန်းတောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။