တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများနှင့် အပန်းဖြေနေရာများ၌ စည်ကားလျက်ရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများနှင့် အပန်းဖြေနေရာများ၌ စည်ကားလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁၇

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားပုထိုး၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်တို့အပါအဝင် တန်ခိုးကြီးဘုရားစေတီများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ နေပြည်တော်ရှိ ဉပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရှိ ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့ အပါအဝင် အပန်းဖြေနေရာများ၌ လည်း လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။