အာဆင်နယ်ကို သုံးဂိုးပြတ်ရှုံးခဲ့သည့် ယူရိုပါလိဂ်ပွဲတွင် အိုင်ယာလန်ကလပ် ဒန်းဒေါ့အသင်းသည် တစ်ပွဲလုံး ပြစ်ဒဏ် တစ်ကြိမ်မျှ မကျူးလွန်ခဲ့သည့်အတွက် ယူရိုပါလိဂ် သမိုင်းတစ်လျှောက် တစ်ပွဲလုံး ပြစ်ဒဏ်မကျူးလွန်သည့် ပထမဆုံး အသင်းအဖြစ် စံချိန်တင်ခဲ့သည်။
ဒန်းဒေါ့အသင်းမှ အီတလီနိုင်ငံသား နည်းပြ ဂျီယိုဗက်ဂ်နိုလီက မိမိအသင်းသည် အာဆင်နယ်ကို အဝေးကွင်း၌ လက်မလျှော့ဘဲ ကစားခဲ့ပြီး မိမိအသင်းသည် အလွန်ယဉ်ကျေး သိမ်မွေ့သော အသင်းဖြစ်သည်ဟု ဂုဏ်ယူပြောကြားခဲ့သည်။ ဂျီယိုဗက်ဂ်နိုလီက ပွဲအပြီးတွင် ''ကျွန်တော့်အသင်းက အရမ်းယဉ်ကျေး သိမ်မွေ့တယ်။ သန့်ရှင်း စွာကစားခဲ့တာကို ဂုဏ်ယူတယ်'' ဟု ပြောသည်။