ဘန်လေနှင့်ပွဲတွင် အင်အားပြည့် ကစားနိုင်ရန် သီယာဂိုဆေးလ်ဗားကို အနားပေးခဲ့ဟု လမ်းပတ်ဆို

ချယ်လ်ဆီးအသင်းသည်   ကြားရက်က ရုရှားသို့သွားပြီး    ကရက်စ်နိုဒါအသင်းကို လေးဂိုးပြတ် အနိုင်ကစားခဲ့ရာ      ထိုပွဲ၌ အသင်း၏ အဓိကခံစစ်မှူး သီယာဂိုဆေးလ် ဗားကို အနားပေးခဲ့ခြင်းမှာ  ကြံ့ခိုင်မှုမပြည့်ဝ ခြင်းကြောင့် မဟုတ်ဘဲ  အောက်တိုဘာ  ၃၁ ရက်ည  ဘန်လေနှင့်ပွဲအတွက်  အင်အားပြည့် ကစားနိုင်ရန်   အနားပေးခဲ့ခြင်း ဖြစ်ကြောင်း နည်းပြ လမ်းပတ်ကပြောသည်။

သီယာဂိုဆေးလ်ဗားသည် အသက်  ၃၆ နှစ်ရှိပြီဖြစ်သောကြောင့် ပွဲတိုင်းကစားစေခြင်း မပြုဘဲ အနားပေးခဲ့ခြင်းဖြစ်သည်။ သီယာဂိုဆေးလ်ဗားသည်   ဆီဗီလာ၊   မန်ယူတို့နှင့်  ဂိုးမရှိသရေ ကစားခဲ့သည့်  နှစ်ပွဲစလုံး   မိနစ် ၉ဝ အပြည့် ပါဝင်ကစားခဲ့ရ၍ ကရက်စ်နိုဒါ နှင့်ပွဲတွင် အနားပေးခဲ့ခြင်း ဖြစ်သည်။

လမ်းပတ်က   ''သီယာဂိုကြံ့ခိုင်မှု အပြည့် ရှိပါတယ်။ ရုရှားသွားကစားတဲ့ပွဲမှာ ချန်ခဲ့တာ က သူပြန်လည်ကြံ့ခိုင် သန်စွမ်းအားပြည့်စေ ဖို့အတွက်ပါ။ ကစားမယ်ဆိုလည်း ကစားနိုင် ပါတယ်။  အလှည့်ကျစနစ်လည်း  သုံးရမှာ ဖြစ်ပါတယ်။  သီယာဂိုဆီက  ရာသီကုန်ချိန်အထိလိုအပ်လို့  ချင့်ချိန်ပြီး  သူ့ကို အသုံးပြုနေရတာဖြစ်ပါတယ်'' ဟု  ရှင်းလင်း ပြောကြားခဲ့သည်။