ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၁၉
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်နှင့် ယနေ့တို့တွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက ပုသိမ်မြို့ရှိ စံပြဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ ဟင်းသီးဟင်းရွက်မျိုးစုံ၊ မြေအစားထိုး ဓာတုကင်း လွတ် ဟင်းသီးဟင်းရွက်နှင့် တစ်သျူးငှက်ပျော စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် DYL ဝက် မွေးမြူထားရှိမှုများနှင့် တိုင်းဧရာအစာစပ်စက်ရုံမှ အစာထုတ်လုပ်နေမှုများအား လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက တောင်ကုတ်တပ်နယ်နှင့် သံတွဲတပ်နယ်တို့ရှိ စိုက်ပျိုး မွေးမြူရေးခြံများ၌ ဥစားကြက်၊ DYL ဝက်၊ အသားစားနွားနှင့် ဥစားဘဲ မွေးမြူထားရှိမှုနှင့် တစ်ပိုင်တစ်နိုင် ရာသီသီးနှံစိုက်ပျိုးထားမှုတို့ကိုလည်းကောင်း အသီးသီးသွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။