တရားမဝင် သစ်မျိုးစုံ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁၉

တရားမဝင် သစ်မျိုးစုံ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော မော်တော်ဆိုင်ကယ် အပိုပစ္စည်းဖြစ်သည့်  DOLPHIN အမျိုးအစား Wheel Rim (၁၃၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၃၅၅၁)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင် သော Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၁၁၃၅၅၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးမြို့နယ်၊ ဖြူးမြို့နယ်၊  မင်းလှမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ သဲကုန်းမြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များအတွင်း တရားမဝင်ကျွန်းသစ် (၂၇.၆၂၅၆)တန်၊ သစ်မာ(၂၁.၂၂၂)တန်နှင့် အခြားသစ်မျိုးစုံ(၁၁.၇၄၁)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၃၀၉၂၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊  အမှတ်(၈)တပ်ထိပ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန အသီးသီး အလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်(၁.၀၆၀)တန်၊ အင်ခွဲသားဆိုဒ်စုံ (၂.၇၂၁)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၆၂၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၇၆၂၇၀)ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၈ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉) မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၉၉၉၀၇၁) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)