၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံအစား အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာ
ဂျီနီဗာ၊ ဘောလုံး
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၃ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒို နီးရှားနိုင်ငံအစား အာဂျင်တီးနား နိုင်ငံ၌ ပြောင်းလဲ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစော ပိုင်းက အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရရှိထားသော်လည်း အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်ထားသည့် အစ္စရေး ယူ-၂၀ အသင်းကို နိုင်ငံအတွင်း သို့လာရောက်ခွင့်မပြုရန် ဆန့်ကျင်မှု ပြုလုပ်ခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားမှုကို ဖျက်သိမ်း ခဲ့ရခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံမှ ပြည်သူများနှင့် အာဏာပိုင်များက ပါလက်စတိုင်း-အစ္စရေးအရေးနှင့် ပတ်သက်ပြီး ပါလက်စတိုင်းဘက်မှ အပြည့်အဝ ထောက်ခံအားပေး သည့်အတွက် အစ္စရေးယူ-၂၀ အသင်းကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်တားမြစ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင် အဖြစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်ပျက်ပြယ်ခဲ့ရ ပြီးနောက် အာဂျင်တီးနားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန် လျှောက်ထားခဲ့ပြီး ဖီဖာနှင့်အာဂျင်တီးနား နိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ပြီးနောက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ပြီး မေ၂၀ ရက်မှ ဇွန် ၁၁ ရက်အထိ ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Ref;The Sun