အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၅

        အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏(၃၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆုချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးက ဆုရရှိကြသူများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းသင်္ဂဟတံဆိပ်ရရှိသူများ၊ စစ်မှုထမ်းကောင်းတံဆိပ်ရရှိသူများ၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲများအလိုက်ဆုရရှိကြသူများနှင့် အိမ် ထောင်သည်လိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သန့်ရှင်းရေး အကောင်းဆုံးဆုရရှိကြသူများအား ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။