၂၀၂၃ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ လေ့ကျင့်သင်ကြား

 ၂၀၂၃ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) နှင့်  ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ လေ့ကျင့်သင်ကြား

              ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် ရေကြောင်းလူငယ်တန်းမြင့်သင် တန်းများကို ရန်ကုန်မြို့၊ ကိုကိုးကျွန်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ ဟိန်းဇဲဒေသ၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ မန္တလေးမြို့နှင့် ကျိုင်းတုံမြို့တို့၌ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဆက်လက်လေ့ကျင့်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်း သူ စုစုပေါင်း ၉၇ ဦးတို့ကို တာဝန်ရှိသူများမှ လေ့ကျင့်သင်ကြားပေးနေမှုအား လည်း ကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၁ ဦးတို့ကို တာဝန်ရှိသူများမှ လေ့ကျင့်သင်ကြားပေးနေမှုအား လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀ ဦးတို့ကို တာဝန်ရှိသူများမှ လေ့ကျင့်သင်ကြားပေးနေမှုအား လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း ၈၅ ဦးတို့ကို တာဝန်ရှိသူများမှ လေ့ကျင့်သင်ကြား ပေးနေမှုအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၀ ဦးတို့ကို တာဝန်ရှိသူများမှ လေ့ကျင့် သင်ကြားပေးနေမှုအားလည်းကောင်း တွေ့မြင်ရပြီး  တပ်မတော်(ရေ) ရေကြောင်း လူငယ်စခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၇၁၂ ဦးတို့အား သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။