ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း ၂၀ တွင် အောင်စာရင်းများ ထုတ်ပြန်

ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း ၂၀ တွင် အောင်စာရင်းများ ထုတ်ပြန်

နေပြည်တော်  ဧပြီ ၂၇

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင်လည်း အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင်  အခြေခံပညာ အထက်တန်းကျောင်း ကိုးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း၊  အလယ်တန်း ကျောင်း(ခွဲ) တစ်ကျောင်း၊  မူလတန်း(လွန်) ခြောက်ကျောင်း၊ မူလတန်းကျောင်း သုံးကျောင်း စုစုပေါင်း အခြေခံပညာကျောင်း၂၀ ရှိပြီး အဆိုပါကျောင်းများတွင်  အောင်စာရင်းများ ထုတ်ပြန်ထားရှိကာ   အောင်ချက် ရာခိုင်နှုန်းအနေဖြင့်   ရာနှုန်းပြည့်အောင်မြင်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါကျောင်းများအလိုက် အောင်စာရင်း ထုတ်ပြန်ကြေညာထားမှုအား ကျောင်းသား၊  ကျောင်းသူများနှင့်   ကျောင်းသားမိဘများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။