ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အောင်စာရင်းများ ထုတ်ပြန်

ကြံခင်း  ဧပြီ  ၂၇

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ထုတ်ပြန်လျက်ရှိရာ မြန်အောင်ခရိုင်  ကြံခင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် စာမေးပွဲအောင်စာရင်းများကို  ယနေ့ နံနက် ၆ နာရီမှစ၍ ထုတ်ပြန် ထားပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၂၂ ကျောင်းနှင့် တွဲဖက်ဘုန်းတော်ကြီး စာသင်ကျောင်း နှစ်ကျောင်း အပါအဝင်  အခြေခံပညာကျောင်းပေါင်း ၁၂၄ ကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် အခြေခံပညာကျောင်း ၁၂၄ ကျောင်းတို့တွင် (KG)တန်းမှ (Grade-11)ထိ ကျောင်းတွင်းဖြေဆိုသော အောင်စာရင်းများ ထုတ်ပြန်ထားပေးလျက်ရှိကြောင်း   မြို့နယ် ပညာရေးမှူးရုံးမှ  သိရသည်။    အဆိုပါ အောင်စာရင်းများကို ကျောင်းသား၊ ကျောင်း သူများနှင့် အုပ်ထိန်းသူ မိဘများက လာရောက် ကြည့်ရှုကြကြောင်း သိရသည်။