ရန်ကုန်၊ ဘောလုံး
ရန်ကုန်ယူနိုက်တက်အသင်းသည် ရာသီ သစ်အတွက် လက်ရွေးစင်အဆင့် ကစား သမားတချို့အပါအဝင် ပြည်တွင်း ကစား သမား ခြောက်ဦးခန့် အားဖြည့်ခေါ်ယူရန် စီစဉ်မည်ဖြစ်ကြောင်း အသင်းမီဒီယာ တာဝန်ခံ ဒေါ်သိမ့်သိမ့်ထွန်းက ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လာမည့်ရာသီသစ်တွင် ရလဒ်ကောင်းများ ရရှိစေရန် ပြင်ဆင်မှုများ ပြုလုပ်မည့် အစီ အစဉ်နှင့်ပတ်သက်၍ အောက်တိုဘာလ အတွင်းက ရာသီကြိုအစည်းအဝေးကျင်းပ ခဲ့သည်။
''ပြီးခဲ့တဲ့အစည်းအဝေးမှာ အသင်း ဥက္ကဋ္ဌ၊ နည်းပြအဖွဲ့၊ အုပ်ချုပ်သူနဲ့ တာဝန် ရှိသူတွေ လာမယ့်ရာသီအတွက် ပြင်ဆင် မှုတွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ နည်းပြချုပ်ကတော့ အသင်းလိုအပ်ချက်အရ ပြည်တွင်းကစားသမားသစ် အားဖြည့်ဖို့ တင်ပြထားတယ်။ ခြောက်ဦးလောက်ခေါ်ဖို့ တော့ စီစဉ်ထားတယ်။ လက်ရွေးစင်အဆင့် ကစားသမားတချို့ကိုလည်း ခေါ်ဖို့အစီ အစဉ်ရှိပါတယ်'' ဟု ဒေါ်သိမ့်သိမ့်ထွန်း ကပြောသည်။
ထို့ပြင် ရန်ကုန်ယူနိုက်တက်အသင်း အနေဖြင့် လာမည့်ရက်ပိုင်းအတွင်း စာချုပ် သက်တမ်းကုန်ဆုံးမည့် ပြည်တွင်းကစား သမားတချို့ကိုလည်း သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။
ကိုရဲ