ချယ်လ်ဆီးအသင်းနှင့် Allianz ကုမ္ပဏီတို့ဂျာစီရင်ဘတ်စပွန်ဆာ စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

ချယ်လ်ဆီးအသင်းနှင့် Allianz ကုမ္ပဏီတို့ဂျာစီရင်ဘတ်စပွန်ဆာ စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

ချယ်လ်ဆီးအသင်းနှင့်    ဂျပန်နိုင်ငံ အခြေစိုက် Allianz ကုမ္ပဏီတို့ ဂျာစီရင်ဘတ် စပွန်ဆာစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာ  မကြာမီ  အပြီးသတ် ချုပ်ဆိုနိုင်ဖွယ်ရှိကြောင်း သိရသည်။

လက်ရှိ ချယ်လ်ဆီးအသင်းနှင့် ဂျာစီရင်ဘတ်စပွန် ဆာစာချုပ်သစ် ချုပ်ဆိုထားသည့်  Three ကုမ္ပဏီတို့ ၏ ဂျာစီရင်ဘတ်စပွန်ဆာစာချုပ်မှာ  ယခုဘောလုံး ရာသီအကုန်တွင်  ပြီးဆုံးမည်ဖြစ်ကာ  သက်တမ်းတိုး စာချုပ်ထပ်မံချုပ်ဆိုရန်  အစီအစဉ်မရှိတော့သည့် အတွက်  ချယ်လ်ဆီးအသင်းက  လာမည့်ဘောလုံး ရာသီမှစတင်ကာ    ဂျာစီရင်ဘတ်စပွန်ဆာ ရှာဖွေမှု ပြုလုပ်ခဲ့ရာမှ ယခုအခါ Allianz ကုမ္ပဏီနှင့် ဆွေးနွေး မှုများပြုလုပ်လျက်ရှိပြီး  မကြာမီ  သဘောတူညီမှု ရရှိရန် နီးစပ်နေပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လာမည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ရမည့်အခြေ အနေနှင့် ရင်ဆိုင်နေရသော်လည်း  တန်ဖိုးမြင့်  ဂျာစီ ရင်ဘတ်စပွန်ဆာ စာချုပ်သစ် ချုပ်ဆိုနိုင်ရန် နီးစပ်နေ ခြင်းဖြစ်သည်။

လက်ရှိ ချယ်လ်ဆီးအသင်းနှင့် ွှ့မနန ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် ဂျာစီရင်ဘတ်စပွန်ဆာ တန်ကြေးမှာ တစ်နှစ်လျှင်  စတာလင်ပေါင်  သန်း ၄၀  အထိရှိပြီး ယခုအခါ Allianz  ကုမ္ပဏီနှင့် ချယ်လ်ဆီးအသင်း တို့၏ဂျာစီရင်ဘတ် စပွန်ဆာတန်ကြေးကို ထုတ်ဖော် ခြင်း မရှိသေးသော်လည်း လက်ရှိ ွှ့မနန ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် ဂျာစီရင်ဘတ်စပွန်ဆာတန်ကြေး ထက် ပိုများဖွယ်ရှိသည်။

ဗူူငညေဖ ကုမ္ပဏီသည် ဥရောပထိပ်တန်းအသင်း ကြီးများဖြစ်ကြသည့်   ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့၏  အားကစားကွင်း အမည်ကို စပွန်ဆာ ပေးထားခြင်းဖြစ်ပြီး ယခုအခါ ချယ်လ်ဆီး အသင်းနှင့်လည်း    ဂျာစီရင်ဘတ် စပွန်ဆာစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။