(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ တပ်နယ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ တပ်နယ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂

          (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး(ခုတင်-၅၀၀)၌ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း ၁၂၅ ဦးတို့မှ စုပေါင်းသွေးလှူဒါန်း ကြသည်။

          ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းမည့် သွေးအလှူရှင် များအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

          ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စား သောက်ဖွယ်ရာများထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။