ကျိုင်းတုံမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ အမှတ်စဉ်(၂၇)တွင် တက်ရောက်နေသော သူနာပြုနှင့် သားဖွား သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်း အပ်နှင်း

ကျိုင်းတုံမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ အမှတ်စဉ်(၂၇)တွင် တက်ရောက်နေသော သူနာပြုနှင့် သားဖွား သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်း အပ်နှင်း

နေပြည်တော်၊ မေ - ၂

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာ ရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ အမှတ်စဉ်(၂၇)တွင် တက်ရောက်နေသာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်း ကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ကျိုင်းတုံမြို့၊ သူနာပြု နှင့်သားဖွား သင်တန်းကျောင်း ၊ ကျောင်းအုပ်(စီမံ) ဒေါ်နော်ထူး က ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းမှူးက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်(စီမံ)ဒေါ်နော်ထူးမှ လက်ခံရယူ ခဲ့ပြီး တာဝန်ရှိသူများက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အမှတ်စဉ်(၂၇) တွင် တက်ရောက်နေသာ ကျောင်းသား၊ကျောင်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းများ အသီးသီးအပ်နှင်းကြရာ ကျောင်းသား၊ကျောင်းသူများက လက်ခံ ရယူကြသည်။ ၎င်းနောက် အကြိုသင်တန်း ကာလအတွင်း အရည်အချင်းစစ် စာမေးပွဲတွင် ဆုရရှိကြသူများအား ကျိုင်းတုံမြို့၊ ပြည်နယ်အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပေးအပ်ရာ ဆုရရှိသူများက အသီးသီး လက်ခံရယူကြပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။