နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မေ - ၂

ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ဧပြီလ ၁ ရက်မှစ၍ မြန်မာနိုင်ငံအတွင်း၌ အိမ်နီးချင်းနိုင်ငံ များတွင်ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲ(Arcturus)(အာတူးရပ်စ်)XBB.1.16 အား    စတင်ကူးစက်မှုရှိသည်ကို စောင့်ကြည့်မှုအရ တွေ့ရှိရပြီး သင်္ကြန်ကာလနောက်ပိုင်း တွင် ပိုမိုကူးစက်မှုအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ သို့သော်လည်း ယခင်ဖြစ်ပေါ်ခဲ့သည့် အိုမီခရွန် ကူးစက်မှုအနေအထားများနှင့် နှိုင်းယှဉ်ပါက စိုး ရိမ်ဖွယ်ရာမရှိသည်ကို တွေ့ရှိရပြီး ဧပြီလ(၁)လအတွင်း ဧပြီ ၂၉ ရက်တွင်  ရောဂါပိုး တွေ့ရှိသူ ၁၃၀ ဦး၊ ကူးစက်မှုနှုန်း ၁ ဒသမ ၁၄ ရာခိုင်နှုန်းအထိ အမြင့်မားဆုံး ကူးစက် မှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကာ ကျန်သည့်ရက်များ၌ ကူးစက်မှုနှုန်းသည် တစ်ရာခိုင် နှုန်းအောက်သာရှိသည်ကို တွေ့ရှိရကြောင်း၊ ကူးစက်ခံရသူများအနက် သေဆုံးမှု အနေ ဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ဦးရှိခဲ့ကြောင်း၊ ဧပြီ ၁ ရက်မှ မေလ ၁ ရက်အထိ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ကူးစက်ခံရသူ ၉၀၃ ဦးခန့် ကူးစက်ခံခဲ့ရသည်ကို တွေ့ရှိရကြောင်း၊  အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ဖြစ်သည့် (Arcturus)သည် သက်ဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်များအရ ယခင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်မျိုးကွဲ များလောက် ပြင်းထန်မှုမရှိဟု သုံးသပ်ထားကြကြောင်း၊ ထူးခြားချက်အနေဖြင့် ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိနာခြင်း၊ နားကိုက်ခြင်းများ ဖြစ်ပေါ်ကြသည်ကို ထူးခြားချက်တစ်ခုအဖြစ် မှတ်သားတွေ့ရှိရပြီး ဆက်လက်လေ့လာ ဆန်းစစ်၍ အသိ ပညာပေးမှုများဆောင်ရွက်ရာတွင် ထည့်သွင်းဖော်ပြသွားရန်လိုကြောင်း၊ ယနေ့ မိမိတို့ ကော်မတီ အစည်းအဝေးပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက် မှာ အိုမီခရွန်ဗီဇပြောင်း မျိုးကွဲအသစ်(Arcturus) ဖြစ်ပွားလျက်ရှိသည်ဖြစ်သော်လည်း ဖြစ်ပွားမှုနှုန်း မြင့်တက်မှု မရှိစေရေး စောင့်ကြည့်ရန်၊ ထိန်းချုပ်ရန်၊ အသိပညာပေးရန်၊ ရောဂါဖြစ်ပေါ်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သွားရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ရှိရသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား ကုသရာတွင်လည်း ယခင် ကိုဗစ်-၁၉ မျိုးကွဲများကုသရာတွင် အသုံးပြုသည့် ဆေးဝါး များဖြင့် ဆက်လက်ကုသနိုင်ကြောင်း သိရသဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ ကာကွယ် ဆေးများကို မှန်မှန်ကန်ကန် ဆက်လက်ထိုးနှံသွားရန်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယခင်အတိုင်းဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စိုးရိမ် ရခြင်း မရှိဟု ဆိုရာတွင်လည်း ပေါ့ဆ၍ ရမည်မဟုတ်ကြောင်း၊ စတင် ဖြစ်ပေါ် ကတည်းက ပင် နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ Test Kit လိုအပ်ချက်များ၊ အောက်ဆီဂျင် လိုအပ် ချက်များ ပြည့်စုံမှု ရှိ၊ မရှိ၊ Quarantine စင်တာများ အသင့်ဖြစ်မှု စသည်တို့ကို စစ်ဆေးဆောင်ရွက်၍ အသင့်ပြင်ထားကြရမည်ဖြစ်ကြောင်း၊   လိုအပ်သည့် ဆေးဝါး များ လုံလောက်မှု ရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ပြည့်မီမှု ရှိစေရေး စသည်တို့ကို ဆွေးနွေး၍ မိမိတို့ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းများကို ပြန်လည်စတင်ခြင်းဖြစ်ကြောင်းဖြင့် ပြော ကြားသည်။    

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လွန်ခဲ့သည့် ၂၈ ရက်အတွင်း ကမ္ဘာတစ်ဝန်း၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေများအား နှိုင်းယှဉ် တင်ပြချက်၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် XBB.1.16 (Arcturus) ကူးစက်မှု၊ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Variants) စစ်ဆေးတွေ့ရှိရမှု၊ ပြည်တွင်း ကူးစက်ဖြစ်ပွားသူများနှင့် ပြည်ပပြန်များ တွင် ရောဂါပိုးတွေ့ရှိရမှု၊ လွန်ခဲ့သည့် ၁၄ ရက် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရမှု၊ ၂၀၂၃ ဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်ဖြစ်ပွားကူးစက်မှု၊ ရောဂါပိုးတွေ့ရှိရသူများအား သီးခြားထားရှိမည့် အစီအစဉ် များ၊ ဦးတည်အသက်အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သိုလှောင်ထားရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ တွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများကို သုံးသပ်ချက်များ နှင့် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြည်သူ လူထုသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးတိုက်တွန်းနှိုးဆော်ချက်များတွင် ပါရှိသင့်သည့် လိုက်နာဆောင်ရွက်ရန်အချက်များကို Powerpoint presentation ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများက သက်ဆိုင် ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ်ကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လိုအပ်သည့် ဆေးဝါးများ၊ အောက်ဆီဂျင်နှင့် ကာကွယ်ရေးပစ္စည်းများ ပြည့်မီမှုရှိစေရေး၊ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ပြည့်မီမှုရှိစေရေးနှင့်  လတ်တလောဖြစ်ပွားလျက်ရှိသည့် အိုမီခရွန်ဗီဇ ပြောင်း မျိုးကွဲအသစ်နှင့် ပတ်သက်၍ အသိပညာရရှိစေရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများပူးပေါင်းပါဝင်ခဲ့မှုနှင့် လက်ရှိ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်လည်း ပါဝင်နိုင်ရေး နှိုးဆော် ထားရှိမှု၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင် ထုတ်လုပ်နိုင်မှုနှင့် အောက်ဆီဂျင်လိုအပ်ချက်အား ကျန်းမာရေး ဝန်ကြီး ဌာန၏ လိုအပ်ချက်အတိုင်း ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့၌ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ် (Arcturus) ကူးစက်ခံရမှုများနှင့် သုံးသပ်တွေ့ရှိရမှု၊ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကုသရေး ဆေးရုံများ၊ Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ နယ်စပ် ဝင်၊ ထွက် ဂိတ်များမှ ဝင်ထွက်သွားလာမှုများကို ကိုဗစ်-၁၉ ကန့်သတ်ချက်များအညီဖြစ်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် XBB.1.16 (Arcturus) သည် ယခင်ကူးစက်ဖြစ်ပွားလျက်ရှိသည့်  XBB.1 နှင့် XBB.1.15  တို့ထက် ကူးစက်မှု နှုန်း မြန်ဆန်သည်ဖြစ်သော်လည်း ရောဂါလက္ခဏာပိုမိုပြင်းထန်မှုမရှိသည်ကို လေ့လာ သုံးသပ်ချက်များအရ တွေ့ရှိရမှု၊ ထိုသို့ တွေ့ရှိရမှုများအရ ခရီးသွားလာမှုများ၊ လူစု လူဝေးဆောင်ရွက်မှုများကို ကန့်သတ်ဆောင်ရွက်ရန်အထိ တင်းကြပ်ဆောင်ရွက်ရန် မလိုဘဲ လူတစ်ဦးချင်းစီ၏ အသိစိတ်ဓာတ်ဖြင့်သာ ကာကွယ်ဆောင်ရွက်နိုင်ကြောင်းကို သုံးသပ်တွေ့ရှိရမှု၊ လူတစ်ဦးချင်းစီ၏ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းများကို လွယ်ကူ စွာသိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ စနစ်တကျရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ထို့နောက် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က  စိစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးသည်  ၁ လအတွင်း ၅၃၉ ဦးဖြင့် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်တွင် ၁၉၆ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သဖြင့် ကူးစက်မှုနှုန်းထပ်မံတိုးမြင့်မလာစေရေး စနစ်တကျ ထိန်းချုပ် ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်များတွင် ဝင်ရောက်လာသူမှန်သမျှကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုများကို မပျက်မကွက် ဆောင်ရွက်ရန်လိုပြီး ရောဂါပိုးတွေ့ရှိရသူများ ကို သတ်မှတ်နေရာများသို့ ပို့ဆောင်၍ ကုသမှုများ ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ ယခင်ဖြစ်စဉ်များတွင် အစုအဖွဲ့အများဆုံးဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ကူးစက်မှုအများဆုံးဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ စာသင်တိုက်များ စသည်ကဲ့သို့ အစုအဖွဲ့များရှိသည့် နေရာများ၌ ကူးစက်မှုများ ဖြစ်ပေါ် ပါက ဆက်နွယ်နေသူများအားလုံးကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ရန်လို ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်း လိုအပ်ချက်များကိုလည်း အမြဲမပြတ် စစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများ၏ ဆွေးနွေး ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။