မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ပါဝင်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြစေလို

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ပါဝင်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဆိုင်ရာ လုပ်ငန်းများကို အတူတကွ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြစေလို

နေပြည်တော်  မေ  ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန  ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ချမှတ်ပေးထားသော ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရန် ပညာရေး ညီလာခံကို ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ကြောင်း၊  ညီလာခံ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လမ်းညွှန်မှာကြားထားသည့်အတိုင်း ချွတ်ယွင်း ချက်မရှိ၊ အမှားအယွင်း မရှိအောင် ဝိုင်းဝန်း ပူးပေါင်း ကျင်းပရမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနနှင့်အတူ ပညာရေးဆိုင်ရာ အခြားဆက်စပ် ဝန်ကြီးဌာနများ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ကျင်းပသည့် ဤမြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃)ကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မိမိတို့ပါဝင်သည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဆိုင်ရာ လုပ်ငန်းများကို အတူတကွပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး လုပ်ငန်းကော်မတီ  အတွင်းရေးမှူး(၁) အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်   မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃) ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌများက    ညီလာခံကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို နံနက်ပိုင်း တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။