ကသာပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲကျင်းပ

ကသာပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး ကသာပညာရေး ဒီဂရီကောလိပ်၌  ပညာရေးဘွဲ့ B.Ed စာပေးစာယူ သင်တန်း    အမှတ်စဉ်(၃/၂၀၂၃)  ပထမနှစ်နှင့်  အမှတ်စဉ်(၁/၂၀၂၂) ဒုတိယနှစ်  သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကို မေ ၂ ရက်တွင် ကသာပညာရေးဒီဂရီကောလိပ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

    အခမ်းအနားတွင်   ကသာပညာရေး ဒီဂရီကောလိပ်   ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကသာခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကား ပြောကြားသည်။

    အဆိုပါကသာပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့ B.Ed  စာပေးစာယူသင်တန်း  အမှတ်စဉ်  (၃/၂၀၂၃) ပထမနှစ်နှင့်  အမှတ်စဉ်(၁/၂၀၂၂)ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။

    ပညာရေးဘွဲ့ B.Ed   စာပေးစာယူ သင်တန်းကို ဧပြီ ၂၀ရက်မှ မေ ၂၆ ရက်ထိ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၂၅၂  ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။