နေပြည်တော်၊ နိုဝင်ဘာ - ၁
ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယတွင် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ မီးမြင့်မိုရ်ပွဲများ၊ နေအိမ်အဆောက်အဦများ၊ လမ်းများတွင် မီးထွန်းညှိ ပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းတစ်ရပ် အဖြစ် နှစ်စဉ်ပြုလုပ်ပူဇော်လျက်ရှိသည်။
ထိုသို့ပြုလုပ်ပူဇော်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌လည်း ဝါလကင်းလွတ်သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင် များတို့တွင် ရောင်စုံမီးအလှများဖြင့် ပြုလုပ်ပူဇော်ထားရှိပြီး ယနေ့တွင်လည်း ဆက်လက်မီးထွန်းညှိ ပူဇော်လျက်ရှိသည်။ ယင်းသို့ မီးထွန်းညှိပူဇော်ထားရှိမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များနှင့်အညီ စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။