အမြို့မြို့အနယ်နယ်၌ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ၂၀၂၃ ခုနှစ် မေ ၃ ရက် နံနက် ၆ နာရီတွင် သီရိသာသနာ့ဓမ္မာရုံ၌ (၁၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ဖွင့်လှစ်ပြီး သက်တော်ရှည်ဆရာတော်ကြီး ၂၃ ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှိခိုးကန်တော့ရာ နိုင်ငံတော်သြဝါဒါစရိယဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်းပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက ဆရာတော်ကြီးက ဆုပေးစကားများနှင့် သြဝါဒကထာများ ချီးမြှင့်တော်မူသည်။
ဆက်လက်၍ အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်တို့က မေတ္တသုတ် တရားတော်များ ရွတ်ဆိုချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချတရားနာယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော် ၁၃၁ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူကြောင်း သိရသည်။
သက်မောင်(ခရိုင်ပြန်/ဆက်)