မြန်မာအားကစားအဖွဲ့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ထွက်ခွာ

မြန်မာအားကစားအဖွဲ့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ထွက်ခွာ

ရန်ကုန်  မေ  ၃

    မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်    တက်ရောက်မည့်    မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံနှင့် အတူ မြန်မာအားကစား အဖွဲ့ခေါင်းဆောင် အားကစားနှင့်   ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာ အားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာကြရာ  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိဘပြည်သူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

    ထိုသို့မထွက်ခွာမီ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က မြန်မာအားကစားအဖွဲ့ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကို အထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြရန် အားပေးစကား ပြောကြားကြသည်။

    အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်တစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ ၁၃ ဦး၊ ဗိုဗီနမ်အားကစားနည်းမှ  အုပ်ချုပ်/ နည်းပြ ခြောက်ဦး၊ အမျိုးသား အားကစားသမား ၁၅ ဦး ၊ အမျိုးသမီး အားကစားသမား၁၁ ဦး၊ ပီတန်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ နှစ်ဦး၊ အမျိုးသား အားကစားသမား နှစ်ဦး၊ အမျိုးသမီး အားကစားသမား ခုနစ်ဦး၊ လက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/နည်းပြလေးဦး၊    အမျိုးသား အားကစားသမားခြောက်ဦး၊ အမျိုးသမီး အားကစားသမား သုံးဦး၊ တင်းနစ်အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ နှစ်ဦး၊ အမျိုးသား အားကစားသမား လေးဦး၊ အမျိုးသမီး အားကစားသမား သုံးဦး၊ ပြေးခုန်ပစ်(မာရသွန်)အားကစားနည်းမှ အုပ်ချုပ်/နည်းပြလေးဦး၊ အမျိုးသား အားကစားသမား နှစ်ဦး၊    အမျိုးသမီး အားကစားသမားလေးဦး၊  ရိုးရာလက်ဝှေ့ အားကစားနည်းမှ   အုပ်ချုပ်/နည်းပြ ခြောက်ဦး၊ အမျိုးသား အားကစားသမား ကိုးဦး၊ အမျိုးသမီး အားကစားသမား သုံးဦး၊ ခြင်းလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ ခြောက်ဦး၊  အမျိုးသား အားကစားသမား၁၄ ဦး၊ အမျိုးသမီး အားကစားသမား ၁၄ ဦး နှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးရှစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။