ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ပွဲပဋ္ဌာန်းသိမ်း အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ မေ - ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲပဋ္ဌာန်း သိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်း တွင် မြစ်ကြီးနားမြို့ရှိ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မြစ်ကြီးနားမြို့၊ ခေမာသီဝံ ကျောင်းတိုက် ဒုတိယနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ကေတုမာလထံမှ ငါးပါးသီးလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြ ပြီး အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှု အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော် ၄၅ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။