ဆီးဂိမ်းပြိုင်ပွဲ နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၆)နေရာ၌ ရပ်တည်၊မြန်မာနိုင်ငံအတွက် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု စတင်ဆွတ်ခူးရရှိ

ဆီးဂိမ်းပြိုင်ပွဲ နိုင်ငံအလိုက် ဆုရရှိမှုစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၆)နေရာ၌ ရပ်တည်၊မြန်မာနိုင်ငံအတွက် ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု စတင်ဆွတ်ခူးရရှိ

ရန်ကုန်  မေ  ၄

    (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို   ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့အပါအဝင် မြို့ကြီးငါးမြို့တို့၌ ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း ၁၉ မျိုး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ    ဖွင့်ပွဲမတိုင်မီ ဗိုဗီနမ်အားကစားနည်းမှ ငွေတံဆိပ်တစ်ခုနှင့်  ကြေးတံဆိပ်သုံးခု  စတင်ရရှိပြီး  နိုင်ငံအလိုက် အဆင့် ၆ နေရာ၌  ရပ်တည်နိုင်သည်။  

ယနေ့ကျင်းပခဲ့သည့်  ပြိုင်ပွဲများအပြီး နိုင်ငံအလိုက်ဆုရရှိမှုစာရင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက   ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခု စုစုပေါင်းဆုတံဆိပ်ကိုးခုဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

အဆိုပါဗိုဗီနမ် အားကစားပြိုင်ပွဲမှ Kun Bokator အားကစားနည်းမှ  Bokatar Spirit Form အမျိုးသား/အမျိုးသမီး (တစ်ဦးချင်း)ပြိုင်ပွဲတွင်   နီလာစိုးဦးက ငွေတံဆိပ်ဆု၊ လှိုင်ချစ်ဦးက ကြေးတံဆိပ်ဆု၊ Bamboo Shield Form အမျိုးသမီး (တစ်ဦးချင်း)ပြိုင်ပွဲတွင်   မြတ်နိုးဝေက ကြေးတံဆိပ်ဆုနှင့် Bare Hand Formအမျိုးသား(တစ်ဦးချင်း)ပြိုင်ပွဲတွင် ခန့်လွန်းဇော်က ကြေးတံဆိပ်ဆုများ အသီးသီး ရရှိသည်။    

နိုင်ငံအလိုက်ဆုရှိမှု စာရင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံနောက်တွင်  ဖိလစ်ပိုင် နိုင်ငံက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု  စုစုပေါင်း ဆုတံဆိပ်လေးခုဖြင့် အဆင့်(၂)နေရတွင် လည်းကောင်း၊ ထိုင်းနိုင်ငံက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် သုံးခု စုစုပေါင်းဆုတံဆိပ်သုံးခုဖြင့် အဆင့်(၃)၊ လာအိုနိုင်ငံက ရွှေတံဆိပ်တစ်ခု၊ ကြေး တံဆိပ်သုံးခု စုစုပေါင်းဆုတံဆိပ်လေးခုဖြင့် အဆင့်(၄) အင်ဒိုနီးရှားက နိုင်ငံငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်ငါးခု၊ စုစုပေါင်းဆုတံဆိပ် ခြောက်ခုဖြင့် အဆင့်(၅)၊ ဗီယက်နမ်နိုင်ငံက ကြေးတံဆိပ်သုံးခုဖြင့် အဆင့်(၇)နေရာတွင် အသီးသီး ရပ်တည်လျက်ရှိသည်။

ယနေ့ကျင်းပခဲ့သည့် ပြိုင်ပွဲများအပြီးတွင် ဘရူနိုင်းနိုင်ငံ၊  မလေးရှားနိုင်ငံ၊  စင်ကာပူ နိုင်ငံ၊ တီမောလက်စ်တေနိုင်ငံတို့ အနေဖြင့် ဆုတံဆိပ်ရရှိခြင်း မရှိသေးကြောင်း သိရ သည်။