ယူ-၂၂ မြန်မာအမျိုးသားဘောလုံး အသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအသင်းတို့၏ ပွဲစဉ်ကို တိုက်ရိုက် ထုတ်လွှင့်သွားမည်
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားနည်းများအနက် အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်မှ စတင်ကျင်းပလျက်ရှိသည်။ အဆိုပါ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ ယူ-၂၂ မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ အသင်းတို့သည် မေ ၇ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို MRTV HD ၊ MRTV Sports Channel ၊ MRTV Parliament Channel ၊ MRTV Farmers' Channel ၊ MWD Variety HD Channel ၊MWD EDUCATION, KNOWLEDGE & SPORTS Channel၊ Channel LIGHT နှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင် အသိပေးအပ်ပါသည်။