မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေနှစ်ခု၊ ကြေးလေးခု စတင်ဆွတ်ခူး

မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေနှစ်ခု၊ ကြေးလေးခု စတင်ဆွတ်ခူး

ရန်ကုန်  မေ  ၆

    ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းဗိုဗီနမ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့်   မြန်မာဗိုဗီနမ်အဖွဲ့သည် ယနေ့တွင်ကျင်းပသည့် ပွဲစဉ်များအပြီးတွင် ရွှေနှစ်ခု၊ ကြေးလေးခု စတင်ဆွတ်ခူးရရှိခဲ့ သည်။

မြန်မာဗိုဗီနမ်အဖွဲ့အတွက် ရွှေတံဆိပ်ဆု များကို အမျိုးသမီး နှစ်ယောက်တွဲ သရုပ်ပြ ပြိုင်ပွဲတွင် ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင် အတွဲ၊ အမျိုးသားလေးယောက်တွဲ လက်သိုင်း အပြပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက် အောင်၊ ရာဇာထွန်းနှင့် ကျော်သူစိုးအောင် အတွဲက ရယူပေးခဲ့ခြင်းဖြစ်သည်။ ရွှေတံဆိပ်ဆုများ ရယူပေးခဲ့သည့် မြန်မာဗိုဗီနမ်ကစား သမားများမှာ ယင်းပွဲစဉ်များတွင် ဆီးဂိမ်း နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်း ဖြစ်သည်။  အမျိုးသား လေးယောက်တွဲ လက်သိုင်းအပြပြိုင်ပွဲတွင် မြန်မာအတွဲက ရမှတ် ၄၅၃ မှတ်ဖြင့် ရွှေတံဆိပ်၊ ဗီယက်နမ် အတွဲက ရမှတ် ၄၄၅ မှတ်ဖြင့် ငွေတံဆိပ်၊ အိမ်ရှင်ကမ္ဘောဒီးယား အတွဲက ရမှတ် ၄၃၈ မှတ်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။ အမျိုးသမီး နှစ်ယောက်တွဲ သရုပ်ပြပြိုင်ပွဲတွင်မူ မြန်မာ အတွဲက ရမှတ် ၄၅၄ မှတ်ဖြင့် ရွှေတံဆိပ်၊ ထိုင်းအတွဲက ရမှတ် ၄၃၉ မှတ်ဖြင့် ငွေတံဆိပ်၊ အင်ဒိုနီးရှားအတွဲက ရမှတ် ၄၃၇ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ ကြေးတံဆိပ်ဆုများကို အမျိုးသား လက်သိုင်းအပြပြိုင်ပွဲတွင် ကျော်သူစိုးအောင်၊ အမျိုးသားဓားအရှည် ပြိုင်ပွဲတွင် ရာဇာထွန်း၊ အမျိုးသမီး  Dragon-Tiger မ ပြိုင်ပွဲတွင် ခိုင်ဇာထွန်းနှင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတို့တွင် တစ်ခုစီဆွတ်ခူး ရရှိခဲ့သည်။

ဆီးဂိမ်းဗိုဗီနမ်ပြိုင်ပွဲကို မေ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၃၀ ခု ချီးမြှင့် သွားမည်ဖြစ်သည်။