နွေရာသီမှာ နေရောင်ခြည်ဒဏ် ကာကွယ်နိုင်တဲ့ အစားအစာများ

နွေရာသီမှာ နေရောင်ခြည်ဒဏ် ကာကွယ်နိုင်တဲ့ အစားအစာများ

    ၂၀၂၃ ခုနှစ် နွေရာသီက နေ့အပူချိန်ပြင်းထန်ပြီး ရာသီဥတုပူပြင်းလှပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများရင်   အရွယ်မတိုင်မီ  အိုမင်းရင့်ရော်မှုဖြစ်စေပါတယ်။     ဒါကြောင့်     နေရောင်ထဲထွက်တဲ့အခါ အရေပြားကို  နေရောင်ခြည် မထိအောင်  လက်ရှည် အင်္ကျီဝတ်တာ၊ နေလောင်ကာခရင်မ် (Sunscreen) လိမ်းတာ၊ ထီး၊ ဦးထုပ်ဆောင်းတာ၊ ခရမ်းလွန်ရောင် ခြည်ကို (၉၉ ရာခိုင်နှုန်း) ကာကွယ်ပေးတဲ့  နေကာ မျက်မှန်တပ်တာ   စတဲ့ အကာအကွယ်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။  နွေရာသီလို   ရာသီဥတုတစ်ခုတည်းမှာပဲ နေလောင်ဒဏ်ကို တွေ့ကြုံရတာမဟုတ်ပါဘူး။

နွေ၊ မိုး၊  ဆောင်းသုံးရာသီစလုံးမှာ  တွေ့ကြုံနိုင်ပြီး  အသားအရေမှာ အကွက်တွေ၊ မည်းညစ်တာတွေဖြစ်ပေါ်လာပြီး   အဲဒီထက်ဆိုးရွားလာရင်    ကျန်းမာရေး ထိခိုက်စေပါတယ်။

အတတ်နိုင်ဆုံး နေပူထဲမထွက်ရအောင် ကြိုးစား သင့်ပါတယ်။ နေလောင်ဒဏ် ကာကွယ်ပေးမယ့် အသုံးအဆောင်ပစ္စည်းတွေ ဒါမှမဟုတ် နေလောင်ကာ ခရင်မ်   (Sunscreen)တွေ လိမ်းပေးမယ်ဆိုရင် နေလောင်ဒဏ် ကနေ ကာကွယ်ပေးနိုင်ပါတယ်။ နွေရာသီမှာ နေလောင် ဒဏ်ကိုကာကွယ်ဖို့ စားသင့်တဲ့ အစားအစာများစွာ ရှိပါတယ်။  တချို့အစားအစာတွေက  နေရောင်ခြည်မှာပါတဲ့   ခရမ်းလွန်ရောင်ခြည်ကို   ကာကွယ်နိုင်တယ် ဆိုတာကိုလည်း ပညာရှင်တွေက အတည်ပြုထားပြီး ဖြစ်ပါတယ်။ အဲဒီအစားအစာတွေကတော့-

မုန်လာဥနီစားသင့်ပါတယ်။ မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းက အမြင်အာရုံကြည်လင်စေတဲ့ အပြင် အရေပြားအပေါ် နေရောင်ခြည် အလွန်အမင်း ထိတွေ့မှုကနေလည်း ကာကွယ်ပေးပါတယ်။ ဘီတာ ကယ်ရိုတင်းက  အင်တီအောက်စီးဒင့်ဖြစ်ပြီး နေရောင်ခြည်မှာပါဝင်တဲ့  ခရမ်းလွန်ရောင်ခြည်ကို အရေပြားနဲ့ မထိတွေ့အောင်  အလွှာတစ်ထပ် အနေနဲ့ ကာကွယ် ပေးနိုင်ပါတယ်။

စတော်ဘယ်ရီသီး စားသင့်ပါတယ်။ အင်တီအောက် စီးဒင့်ဖြစ်တဲ့  ဗီတာမင်စီကို  စတော်ဘယ်ရီသီးထဲမှာ များစွာတွေ့ရှိနိုင်ပါတယ်။ စတော်ဘယ်ရီသီးက ဓာတ် တိုးပစ္စည်းတွေကို ဓာတ်ပြယ်စေပြီး အရေပြားမပျက်စီး အောင်  ကာကွယ်ပေးပါတယ်။  စတော်ဘယ်ရီသီးက နေလောင်ဒဏ်ကို   အကောင်းဆုံးကာကွယ်ပေးပြီး  အနာကျက်လည်း မြန်စေပါတယ်။

လက်ဖက်စိမ်းစားသင့်ပါတယ်။  လက်ဖက်စိမ်းက  ဓာတ်တိုး ဆန့်ကျင်ပေးတဲ့ အာနိသင်ရှိပါတယ်။ တစ်ရက်ကို လက်ဖက်စိမ်းရည်နှစ်ခွက် သောက်ပေးရင် နေရောင်ခြည် ထိတွေ့မှုကြောင့် အရေပြားပေါ် ထိခိုက်မှုတွေ မဖြစ်အောင်   ကာကွယ်ပေးနိုင်ပါတယ်။  အရေပြား နေလောင်တာအတွက်  လက်ဖက်စိမ်းရည်လိမ်းပေး နိုင်ပါတယ်။ လက်ဖက်စိမ်းရည်ထဲမှာ ပါတဲ့ တန်နင်က နေလောင်ဒဏ်ကို သက်သာစေပါတယ်။

ဗာဒံစေ့စားပေးသင့်ပါတယ်။ ဗာဒံစေ့ကို ကျန်းမာရေး နဲ့ညီညွတ်တဲ့ သရေစာအဖြစ် စားသုံးနိုင်ပြီး နေရောင် ခြည်ဒဏ်ကြောင့်    အရေပြား မထိခိုက်အောင်လည်း ကာကွယ်ပေးပါတယ်။  ဗာဒံစေ့က အရေပြားအတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်အီးကြွယ်ဝစွာပါဝင်ပြီး  ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိပါတယ်။

အနီရောင်စပျစ်သီးစားသင့်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာကြောင့်ဖြစ်တဲ့ ဒီအင်အေ(ီဗြ) ပျက်စီးမှုကို အနီရောင်စပျစ်သီးမှာ ပါတဲ့ ကွာစန်တင် ဒြပ်ပေါင်းက  အရေပြားရောင်ရမ်းတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အနီရောင်စပျစ်သီးက ရေဓာတ် ဖြည့်တင်းပေးပြီး နေလောင်ဒဏ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးစားပေးသင့်ပါတယ်။ လိုင်ကိုပင်းဓာတ် ကြွယ်ဝတဲ့ခရမ်းချဉ်သီးကို    နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကလည်း    နေလောင်ဒဏ်ကို    ကာကွယ်ပေးနိုင်သလို    တစ်ချိန်တည်းမှာပဲ   အသားအရေကိုလည်း စိုပြည်လှပစေပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်း ဓာတ်က အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။    အင်တီအောက်စီးဒင့် အာနိသင်ရှိပြီး ဓာတ်တိုးပစ္စည်းတွေရဲ့ အရေပြားကို  ထိခိုက်မှုကနေ တွန်းလှန်ပေးပါတယ်။ ခရမ်းချဉ်သီးကို အစိမ်းအတိုင်း စားတာထက်   ချက်စားတာက   လိုင်ကိုပင်းဓာတ်ကို ပိုမိုရရှိစေပါတယ်။

ဖရဲသီးစားသင့်ပါတယ်။ ဖရဲသီးမှာလည်း ခရမ်းချဉ်သီးလိုပဲ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ်များစွာ ပါဝင်ပါတယ်။ ရေဓာတ်လည်း <ကယ်ဝတာကြောင့် အရေပြားအစိုဓာတ်ကို ထိန်းပေးပြီး  ပူအိုက်တဲ့အချိန်တွေမှာ  ရေဓာတ်မခန်းခြောက် အောင် ကာကွယ်ပေးနိုင်ပါတယ်။

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက် တွေ စားသင့်ပါတယ်။  ဟင်းနုနယ်၊  ကိုက်လန်၊  မုန်ညင်း၊  ဆလတ် စတဲ့အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အင်တီ အောက်စီးဒင့်တွေများစွာ ပါဝင်ပြီး နေရောင်ခြည်ကြောင့်  အရေပြားမပျက်စီးအောင် ကာကွယ်ပေးတဲ့ ဒြပ်ပေါင်းတွေလည်း   များစွာပါဝင်ပါတယ်။   တိရစ္ဆာန်တွေမှာ စမ်းသပ်မှုအရ  အဲဒီဒြပ်ပေါင်းတွေက နေရောင်ခြည် ကြောင့်    ဆဲလ်တွေပုံမမှန် ပေါက်ပွားမှုမဖြစ်အောင်  ကာကွယ်ပေးနိုင်တာကိုတွေ့ရပါတယ်။

ဆယ်လ်မွန်ငါး စားသင့်ပါတယ်။ အသားအရေကို နေလောင်ဒဏ်ကနေ   ကာကွယ်ဖို့  အင်တီအောက် စီးဒင့်ကြွယ်ဝတဲ့  အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးသလို တစ်ဖက်တစ်လမ်းကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ    စားသုံးပေးဖို့လိုအပ်ပါ တယ်။ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ သစ်ကြားသီးတွေမှာ အိုမီဂါ-၃ ပါဝင်ပြီး  အသားအရေအောက်မှာ ကောင်း မွန်တဲ့အဆီတစ်လွှာဖြစ်ပေါ်စေတာကြောင့်  အသား အရေပျက်စီးတာနဲ့ အိုမင်းရင့်ရော်တာကို  ကာကွယ် ပေးနိုင်ပါတယ်။

ကန်စွန်းဥစားသင့်ပါတယ်။   နေရောင်ခြည်ကတစ်ဆင့် ပေါ်ပေါက်လာတဲ့   ရောင်ခြည်လှိုင်းတွေက ကင်ဆာရောဂါဖြစ်စေပြီး အသားအရေပေါ်က ဆဲလ် တွေကိုသာ ပျက်စီးစေတာမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကိုလည်း ထိခိုက်စေပါတယ်။ ဒီလိုပြဿနာ တွေမဖြစ်ရအောင်    ဘီတာကယ်ရိုတင်း ပါဝင်တဲ့ ကန်စွန်းဥကို စားသုံးပေးသင့်ပါတယ်။

လက်ဖက်ရည်ကြမ်းသောက်သင့်ပါတယ်။ လက်ဖက်ရည်ကြမ်းက ဇီဝဖြစ်စဉ်ကို ပြန်လည်မြှင့်တင်ပေးနိုင် တဲ့အစွမ်းသတ္တိအပြင် အသားအရေကိုလည်း ကောင်း မွန်စေပါတယ်။  ရောင်ရမ်းတာ၊  အိုမင်းရင့်ရော်တာနဲ့ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ ကယ်တီချင် အပြည့်အဝပါဝင်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။

နွေရာသီမှာ ပူပြင်းတဲ့အပူဒဏ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အစားအသောက်က အစ စနစ်တကျစားသုံး သင့်ပါတယ်။ သီးနှံမျိုးစုံ စားသုံးသင့်ပါတယ်။  အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ လုံလောက်တဲ့ အမျှင်ဓာတ်တွေပါရှိပြီး ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါရှိ ပါတယ်။

ဘယ်ရီသီးဖျော်ရည်သောက်သင့်ပါတယ်။ နွေရာသီ မှာ အစားသင့်ဆုံး၊ အသင့်လျော်ဆုံးက  ဘယ်ရီသီး ဖျော်ရည်သောက်သုံးတာ ဖြစ်ပါတယ်။ ဘယ်ရီသီးမှာ  အင်တီအောက်စီးဒင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ပါဝင်ပြီး   မှတ်ဉာဏ်စွမ်းအားကိုလည်း   မြင့်မားစေနိုင် ပါတယ်။

ဒိန်ချဉ်နဲ့သစ်သီးရောသောက်သင့်ပါတယ်။ ဒိန်ချဉ် သောက်တဲ့အခါ  ရာသီပေါ်သီးနှံတွေ၊  အစေ့အဆန်တွေနဲ့ ပျားရည် ထည့်သောက်သင့်ပါတယ်။ ဒိန်ချဉ်က သွေးဖိအား လျော့နည်းစေပါတယ်။  အသီးအနှံတွေနဲ့ အစေ့အဆန်တွေကနေ    အင်တီအောက်စီးဒင့် ရရှိစေပါတယ်။ ပျားရည်ကလည်း ဗက်တီးရီးယားပိုးကို ကာကွယ်ပေးတဲ့ အာနိသင်ရှိပါတယ်။

ခရီးသွား အပန်းဖြေသင့်ပါတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ စိတ်ဖိစီးမှုနဲ့ အလုပ်ပင်ပန်း မှုတွေပြေပျောက်စေတဲ့ အကောင်းဆုံးနည်းလမ်းက ကမ်းခြေကိုသွားပြီး အနားယူနိုင်သလို ဘုရားဖူး ခရီးစဉ်တွေ သွားရောက်ခြင်းဖြင့် စိတ်အပန်းဖြေသင့်ပါတယ်။