တိုက်စစ်မှူး ဟာလန်းအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်ပါ အချက်အလက်များအရ အပိုဆုကြေးများစွာ ရရှိဖွယ်ရှိနေ

တိုက်စစ်မှူး ဟာလန်းအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်ပါ အချက်အလက်များအရ အပိုဆုကြေးများစွာ ရရှိဖွယ်ရှိနေ

    မန်စီးတီးအသင်း  အဓိကတိုက်စစ်မှူး ဟာလန်းအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်ပါ အချက်အလက်များအရ    မန်စီးတီးအသင်းထံမှ ဆုကြေးများစွာ ရရှိဖွယ်ရှိနေကြောင်း သိရသည်။

တိုက်စစ်မှူးဟာလန်းသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အထူ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ကာ မန်စီးတီးအသင်းနှင့် စာချုပ်ချုပ်ဆိုစဉ်က စာချုပ်ပါအချက်အလက်များ အရ    ခြေစွမ်းပြပြီး  သွင်းဂိုးများ သွင်းယူနိုင်ပါက အပိုဆုကြေးရရှိမည်ဖြစ်သကဲ့သို့ အသင်းနှင့်ဆုဖလား ရရှိပါကလည်း အပိုဆုကြေးများ ထပ်မံရရှိမည်ဖြစ်သည်။

မန်စီးတီးအသင်းနှင့်   ဟာလန်းတို့ချုပ်ဆိုထားသည့်  စာချုပ်ပါ အချက်အလက်များအရ ဟာလန်းအနေဖြင့်  အသင်းနှင့်  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ပါက ဆုကြေးငွေ စတာလင်ပေါင် တစ်သန်း၊ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ပါက ဆုကြေးငွေ စတာလင်ပေါင် တစ်သန်းဆွတ်ခူးနိုင်မည်ဖြစ်သည်။

ထို့ပြင်အသင်းနှင့်အတူ  အက်ဖ်အေဖလား ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးနိုင်မည်ဆိုပါက စတာလင်ပေါင် ၃၅၀၀၀ ရရှိမည်ဖြစ်သည့်အပြင် ယခုဘောလုံးရာသီ အကုန်တွင်   ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ကစားသမားဆုဖြစ်သည့် ရွှေဖိနပ် ဆုရရှိလျှင်လည်း စတာလင်ပေါင် ၃၅၀၀၀ ရရှိမည် ဖြစ်ကာ သွင်းဂိုးများအတွက် အပိုဆုနှင့် စုစုပေါင်း  စတာလင်ပေါင် ၅ ဒသမ ၁ သန်းခန့် ရရှိနိုင်မည်ဖြစ်သည်။

ယခုဘောလုံးရာသီတွင် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်၊ ပရီးမီး ယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၁)နှင့် အက်ဖ်အေဖလား ပြိုင်ပွဲတွင်  ဗိုလ်လုပွဲသို့ တက်ရောက်ထားပြီး ဆုဖလားသုံးလုံး လမ်းကြောင်းပေါ် ရှိနေသောကြောင့်  ဟာလန်းအတွက် အပိုဆုကြေးများစွာ ရရှိဖွယ်ရှိနေ ကြောင်း သိရသည်။