အိုဇေးလ်အတွက် အခွင့်အရေးများစွာပေးခဲ့ကြောင်း အာဆင်နယ်နည်းပြဖြေရှင်း အိုဇေးလ်နှင့် အေးဂျင့်ဖြစ် သူတို့က အာတီတာသည် မျှတမှုမရှိဟုစွပ်စွဲ လန်ဒန်၊ ဘောလုံး ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲကစားအပြီး သုံးပွဲ နိုင်၊ သုံးပွဲရှုံးထားသော အာဆင်နယ်အသင်းနည်းပြ အာတီတာက မ

လန်ဒန်၊ ဘောလုံး 

ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲကစားအပြီး သုံးပွဲ နိုင်၊ သုံးပွဲရှုံးထားသော အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိသည် အသင်း၌ လစာအများဆုံးအဖြစ် တစ်ပတ်ပေါင် ၃၅၀၀၀၀ ပေးထားရသည့်  ဂျာမန် ကွင်းလယ်ကစားသမား အိုဇေးလ်ကို အသင်း၏ ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ် ကစားသမားမှတ်ပုံ တင်စာရင်းတွင် ချန်လှပ်ခဲ့ခြင်းသည် အိုဇေးလ်ကို ကစားခွင့်ပြန်ရနိုင်စေရန် အခွင့်အရေးများစွာ ပေးခဲ့ သည့်ကြားမှ ဖြစ်မလာသောကြောင့် အသင်းအတွက် ကောင်းစေရန် ချန်လှပ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်း ခဲ့သည်။

အိုဇေးလ်က အာတီတာသည် မိမိအပေါ် ရိုးသားမှုမရှိ၊ သစ္စာတရားမရှိဘဲ ချောင်ထိုးခြင်းဖြစ်သည်ဟု စွပ်စွဲ သကဲ့သို့ အိုဇေးလ်၏ အေးဂျင့် ဒေါက်တာအားကတ်ဆိုဂတ်ကလည်း အာတီတာသည် အိုဇေးလ်၏ အကောင်းဆုံး အရည်အသွေးများကို မထုတ်ဖော်နိုင်သူဟု ဝေဖန်ခဲ့သည်။

ထိုဝေဖန်မှုများနှင့်ပတ်သက်ပြီး အာတီတာက “ကျွန်တော်ပြောပြနိုင်တာကတော့ အိုဇေးလ်ကိစ္စမှာ အစွမ်း ကုန်ကြိုးစားခဲ့တယ်ဆိုတာပဲ။ သူ့ကို ကျွန်တော့်ဘက်က အခွင့်အရေးများစွာပေးခဲ့တယ်။ ဒါက ကျွန်တော့် ဘက်က လုပ်ပေးနိုင်တာအားလုံးပဲ။ စိတ်ရှည်စွာနဲ့ သူ့ကိုအခွင့်အရေးပေးပြီး မျှတစွာလုပ်ပေးခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းရဲ့အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တယ်။ ဒါကို ကျွန်တော်လေးစားမှုပေးတယ်။  ကျွန်တော် ဒီရာထူးလက်ခံလိုက်တာ ဆုံးဖြတ်ချက်တွေချဖို့ပါ။ အသင်းအတွက်အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရတာပဲ။ ပြီးတော့ ဘာကြောင့်ဆိုတာ သူတို့ကို အကြောင်းပြချက်နဲ့ မှန်ကန်တဲ့ အဖြေပေးပြီး  ရှင်းပြခဲ့တယ်” ဟု ပြောသည်။

အိုဇေးလ်၏ အေးဂျင့်က “အာဆင်နယ်ပရိသတ်တွေက အိုဇေးလ်ကိစ္စနဲ့ ပတ်သက်လို့ ရှင်းပြခွင့်နဲ့ ထိုက် တန်ကြတယ်။ အာတီတာပြောသလို အိုဇေးလ်ကျရှုံးခဲ့ တာမဟုတ်ဘူး။ မျှတမှုနဲ့ ရိုးသားမှုမှာ အာတီတာကျ ရှုံးခဲ့တာပဲ။ အပြင်ဘက်က လူတိုင်းလည်း ဒီမမျှတမှုကို သိကြတယ်”ဟု ပြောသည်။       

Ref:ESPN