ပရီးမီးယားလိဂ် ပွဲဦးထွက်ဂိုးသွင်းသူ ဇီယက်ချ်ကို နည်းပြလမ်းပတ်ချီးကျူး

ပဲရစ်၊ ဘောလုံး 

ချယ်လ်ဆီးအသင်း ဘန်လေကို သုံးဂိုးပြတ်အနိုင်ရသော ပရီးမီးယားလိဂ်ပွဲတွင် ချယ်လ်ဆီးက ဦးဆောင်ဂိုး သွင်းနိုင်သကဲ့သို့ တီမိုဝါနာသွင်းယူသည့်ဂိုးတွင်လည်း တိကျကောင်းမွန်သော အဝေးပေးချက်ဖြင့် ဖန်တီး ပေးနိုင်ခဲ့သည့် မော်ရိုကိုတောင်ပံ ကစားသမား ဟာကင်ဇီယက်ချ်သည် ချယ်လ်ဆီးအသင်းအတွက်  ကောင်း ခြင်းများ  ယူဆောင်ပေးလာသူဟု နည်းပြ လမ်းပတ်က ချီးကျူးခဲ့သည်။ ဇီယက်ချ်ကို ပြီးခဲ့သည့်နွေရာသီ ဈေးကွက်ကတည်းက အေဂျက်အသင်းထံမှ ပေါင် ၃၆ သန်းဖြင့် ဝယ်ယူခဲ့ပြီး ဖေဖော်ဝါရီလကတည်းက စတင် အသုံးပြုရန် စီစဉ်ခဲ့သော်လည်း လေ့ကျင့်ခန်းဆင်းရာတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့်အတွက် ယခု ရာသီမှသာ စတင်အသုံးပြုရပြီး ဘန်လေနှင့်ပွဲမှာ ၎င်း၏ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်ကာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သဖြင့် နည်းပြလမ်းပတ်က ချီးကျူးခဲ့ခြင်း ဖြစ်သည်။

“သူက အရည်အချင်းရှိပြီး နည်းဗျူဟာပိုင်းလည်း ကြေညက်လို့ ကျွန်တော်တို့ခေါ်ခဲ့တာပါ။ သူက  အသင်း အတွက် မတူညီတဲ့ကောင်းမွန်မှုတွေကို ဆောင်ကြဉ်းပေးလာသူဖြစ်တယ်။ အခုမှ ပြန်ကစားနိုင်ပြီး ဒီခြေစွမ်း ရလို့ ကျေနပ်စရာပါ” ဟု နည်းပြလမ်းပတ်က ပြောသည်။     

Ref:Dailymail