ကျိုင်းတုံမြို့နယ်၊ ဝမ်းညှင်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ အမိုးသွပ်များနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ဝမ်းညှင်း ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂသေနအား ဖူးမြော်ကာ အမိုးသွပ်၊ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
    
ထိုသို့လှူဒါန်းရာတွင် ဘုန်းတော်ကြီးကျောင်းအတွင်း ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် အမိုးသွပ် ၂၅၀ ချပ်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။