လယ်ဝေးမြို့နယ်၊ သာစည်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား၊ မီးဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့

နေပြည်တော်၊ နိုဝင်ဘာ - ၂
    
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်အုပ်စု၊ သာစည်ကျေးရွာ နေ ဒေါ်နု ပိုင်ဆိုင်သည့် နေအိမ်၌ နိုဝင်ဘာ ၁ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဖယောင်း တိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့  နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ လယ်ဝေးတပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။