Covid-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၂
    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံးပြုနိုင်ရန် လက်ဝယ်အရောက်အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၂၀၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့များအတွင်း၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက အများပြည်သူဖြတ်သန်းသွားလာလျက်ရှိသော နေရာများ၌ ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းကြသည်။
    
Covid-19  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။