ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး အုတ်နံရံပြိုလဲခြင်းကြောင့် သေဆုံး

နေပြည်တော်၊ မေ - ၁၅

        ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)  ၏ အရှိန်ကြောင် ဒီရေမြင့်တက်ခြင်း၊  လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ လမ်းမီးတိုင်များ လဲကျခြင်း၊ သစ်ပင် သစ်ကိုင်း လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိ သည်။

        ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ  မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ် အုတ်နံရံ ပြိုလဲခြင်း ကြောင့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးနှင့် စစ်သည် ၂ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။