ရှမ်းရွာသစ်မြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ပျိုးပင်များပျိုးထောင်ထားရှိ

ရှမ်းရွာသစ်မြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ပျိုးပင်များပျိုးထောင်ထားရှိ

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာစေရန်၊ အပူဒဏ်အန္တရာယ် လျော့နည်းစေရန်နှင့်    သဘာဝသစ်တောများပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်စေရန်အတွက် ပျိုးပင်ပေါင်း  ၁၀၀၀၀  ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးပင်များကို မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၌ စိုက်ပျိုးနိုင်ရန် ကျွန်းပင် ၅၀၀၀  နှင့် မန်ဂျန်ရှား ၅၀၀၀  ကို ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါပျိုးပင်များကို သစ်တောဦးစီးဌာန ပျိုးဥယျာဉ်ခြံ၌ စနစ်တကျပြုစု ပျိုးထောင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

၂၀၂၃  ခုနှစ်  မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် ဖြန့်ဝေ ပေးသွားမည် ဖြစ်ရာ ပြည်သူလူထုအနေဖြင့် သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး တန်ဖိုးထား ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ပျိုးထောင်ထားခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်ဒေသနေပြည်သူများအား ဖြန့်ဝေခဲ့သောပျိုးပင်များလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သစ်တောဦးစီးဌာန  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)