လားရှိုးမြို့၊ ကွတ်ခိုင်မြို့၊ တန့်ယန်းမြို့နှင့် ရန်ကုန်မြို့တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

လားရှိုးမြို့၊ ကွတ်ခိုင်မြို့၊ တန့်ယန်းမြို့နှင့် ရန်ကုန်မြို့တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ မေ - ၁၆

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ များရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေး ကုသရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါမြို့ရှိ မေတ္တာရောင်ခြည် မဟာ စည်သာသနာ့ ရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

       တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့များက သံဃာတော် ၇ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၁၃ ပါး နှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၄၃၂ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ခေျာင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ပြီး ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ထို့ပြင် မေ ၁၅ ရက်နှင့် ယနေ့တို့တွင် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကွတ်ခိုင်မြို့ရှိ သာသနာ့ရိပ်သာနှင့် တန့်ယန်းမြို့ရှိ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်တို့ ၌ သံဃာတော် ၁၀၂ ပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၃၀ ဦးတို့အား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

     အလားတူ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၌ ပါဠိပထမပြန် နှင့် ဓမ္မာစရိယစာမေးပွဲများကို စာစစ်တော်မူသည့် သံဃာတော်များအား ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါတက္ကသိုလ် ခန်းမဆောင်၌ စာစစ်သံဃာတော် ၆၇ ပါးတို့အား သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါနှင့် ပတ်သက်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုဖူးမျှော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။