အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၁၇

          အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီး သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ MPT Mobile Van ကား ၁ စီး (၈ တန်)အား ကျောက်ဖြူမြို့ရှိ ကပ်သပြေကမ်းထိုးရပ်၌တင်ဆောင်၍ မေ ၁၆ ရက် နေ့လည်ပိုင်းတွင် ကပ်သပြေ-စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာခဲ့ပြီး ယနေ့ နံနက်ပိုင်း တွင် စစ်တွေမြို့သို့ ရောက်ရှိပို့ဆောင်ပေးခဲ့သည်။

          အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ဆန် ၄၀၀ အိတ်နှင့် ပဲ ၄၀ အိတ် ၂၂ တန်တို့အား စစ်တွေမြို့၌ တင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် စစ်တွေ-ရသေ့တောင်ခရီးစဉ်အတိုင်း ထွက်ခွာခဲ့ပြီး ရသေ့တောင်ကမ်းထိုးရပ်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပို့ဆောင်ပေးခဲ့သည်။

          ထို့အတူ တင့်ကားတင်ကမ်းထိုးရေယာဉ် ၁ စီးသည် ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မှ ထောက်ပံ့ရေးပစ္စည်း ၄၈ ထုပ်၊ MILTRUCK ဂါလံ (၂၀၀၀)ဆံ့ကား ၂ စီး၊ DONE FENGE ရေသန့်စက်ကားကြီး ၁ စီး၊ HINO ရေသန့် စက်ကားကြီး ၁ စီး၊ SEINO TRUCK ၂ စီးနှင့် ထောက်ပံ့နှင့်ပို့ဆောင် ရေးတပ်မှ ဆန် ၁၅၀ အိတ် စုစုပေါင်း ၅၃.၅ တန်တို့အား စစ်တွေမြို့မှ တင်ဆောင်၍ အငူမော်သို့ ပို့ဆောင်ပေးရန် ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့သည်။

          ၎င်းနောက် စစ်ရေယာဉ်(ပြည်တော်အေး-၂)သည် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေး ကော်မတီမှ ဆန် ၁၂,၂၅၀ အိတ်၊ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်းမှ သွပ် ၈,၀၀၀ ချပ်၊ သွပ်သံ ၁၇ ဖာ၊ စားအုန်းဆီ ၁,၁၄၄ ဖာ၊ သွားတိုက်ဆေးဗူး ၆၆၇ ဖာ၊ သွားတိုက်တံ ၈၀ ဖာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မှတ်ပုံတင်တောင်းခံလွှာပုံစံများ ၄၈ ထုပ်၊ မြန်မာ့မီးရထားမှ တာပေါ်လင် ၁၅ ချပ်၊ မီးစက် ၂ လုံး၊ ချိန်းဆော ၂ လက်၊ Water Pump ၁ ခု၊ ပို့ဆောင်ရေးမှ တာပေါ်လင် ၅ လိတ်၊ မီးစက် ၂ လုံး၊ ၃ မူးနိုင်လွန်ကြိုး ၃ ခွေ၊ ချိပ်ကွင်း (၁၀၀၀) ခုပါ ၁ ထုပ်၊ စက်ပစ္စည်း ၂ ထုပ်၊ ရိက္ခာခြောက်ဂျပ်ဖာ ၃ ခု၊ ဖယောင်းပုဆိုး ၁ လိတ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆန် ၇၀ အိတ်၊ ဆီ ၇၀ ဗူး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ကော်ပုံးနှင့် ဒံအိုးများ စုစုပေါင်း ၆၆၀ တန်တို့ကို စစ်တွေမြို့သို့ပို့ဆောင်ပေးရန် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ တင်ဆောင်၍ ရန်ကုန်မြို့မှ ယနေ့နေ့လည်ပိုင်းတွင် ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

          အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ရေသန့်စက်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၈ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၇.၅ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၇ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၅ တန်တို့အားလည်းကောင်း စစ်တွေမြို့၌ တင်ဆောင်၍ စစ်တွေ-ရေချမ်းပြင်-ရသေ့တောင် ခရီးစဉ်အတိုင်း ဆက်လက်ပို့ ဆောင်သွားမည်ဖြစ်သည်။

          ထို့အတူ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့ များနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားသည့် စစ်ရေယာဉ်(မဟာဗန္ဓုလ)သည် ယနေ့ညနေပိုင်း တွင် စစ်တွေမြို့သို့ ရောက်ရှိခဲ့ သည်။

          ထို့ပြင်  စစ်ရေယာဉ်(မုတ္တမ)သည် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် တပ်ဖွဲ့များနှင့် လျှပ်စစ်ဝန်ကြီးဌာနမှဝန်ထမ်း ၁၀၄ ဦးတို့အား တင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် စစ်ရေယာဉ်(မုတ္တမ) သည် ရခိုင်ပြည်နယ်၊ စစ်တွေမြစ်ဝသို့ ယနေ့ညပိုင်းတွင် ရောက်ရှိခဲ့ကြောင်းနှင့် မေလ ၁၈ ရက်နံနက်ပိုင်းတွင် စစ်တွေမြို့ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး တင်ဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက် မည့် တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။