မိုခါမုန်တိုင်းဘေးသင့် ပြည်သူများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လှူဒါန်းနိုင်

မိုခါမုန်တိုင်းဘေးသင့် ပြည်သူများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လှူဒါန်းနိုင်

နေပြည်တော် မေ ၁၆

      မြန်မာနိုင်ငံအတွင်း ၁၄-၅-၂၀၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလိုသူများ အနေဖြင့် လှူဒါန်းမည့် မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ တို့ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးထားသည့် ရန်ပုံငွေ ငွေစာရင်းများသို့ လှူဒါန်းနိုင်သည့်အပြင် လှူဒါန်းငွေနှင့် ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များတွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနများသို့လည်း သဒ္ဓါတတ်အား နည်းများမဆို ထည့်ဝင် လှူဒါန်းနိုင်ပါကြောင်း သတင်းရရှိသည်။