အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆေ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ မေ - ၁၈

        အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီး သည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World bank မိုး ကာလိတ် ၆၀ လိတ်၊ World bank (5.5m×6m) မိုးကာစ ၅၀ ခု၊ World bank မိုးကာတဲ ၉ လုံး၊ စင်ကာပူ မိုးကာတဲ ၃၀ လုံး၊ ကျားဝတ်လုံချည် ၁၀၀၀ ထည်၊ မဝတ်လုံချည် ၁၀၀၀ ထည်၊ တီရှပ် ၂၀၀၀ ထည်၊ စောင် ၁၀၀၀  ထည်၊ တဘက် ၁၀၀၀ ထည်၊ ခြင်ထောင် ၁၀၀၀ ထည်၊ ဆပ်ပြာ ၁၀၀၀ တောင့်၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ ၂၀ လုံး၊ ဓာတ်ဆီ  ၅ လုံး စုစုပေါင်း ၁၀ တန်တို့အား ရေချမ်းပြင်ချောင်းဝအနီးမှ တင်ဆောင်ပြီး ရသေ့တောင်သို့ ပို့ဆောင် ပေးရန်  ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားသည်။

        အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ရေသန့်စက်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၈ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၇.၅ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုး ရေယာဉ် ၁ စီး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ် ၁ စီး၊ CANOPY အမိုးစိမ်း ၈၀ ထည်၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ၇ ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် ၂ စည်း စုစုပေါင်း ၁၅ တန်တို့အားလည်းကောင်း စစ်တွေမြို့၌ တင်ဆောင်ထွက်ခွာလာပြီး ရေချမ်းပြင်မှတစ်ဆင့် ၂၉ မီတာ ကမ်းထိုး ရေယာဉ် ၁ စီးနှင့်အတူ  ရသေ့တောင်သို့ ပို့ဆောင်ပေးရန် ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။