ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအားသွပ်များ လှူဒါန်း၊ ကူညီရှင်းလင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများအားသွပ်များ လှူဒါန်း၊ ကူညီရှင်းလင်းရေးဆောင်ရွက်

နေပြည်တော်၊ မေ - ၁၈

            ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ဒေးဒလူကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၊ ဘုန်းကြီးသောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်ကျေးရွာရှိ မှန်ကျောင်းတိုက်နှင့် ငပုတောမြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ ခမောက်မော်ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းများသို့ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်၍ အမိုးသွပ်ပြားများ၊ ခေါင်အုပ်သွပ်ပြားများ၊ သစ်များနှင့်သွပ်သံများ ပေးအပ် လှူဒါန်းသည်။

            ထို့နောက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ သွပ်အမိုးများ အသစ်ပြန်လည်လဲလှယ်ပေးခြင်းနှင့် ကူညီရှင်းလင်းရေးများဆောင်ရွက်ပေး သည်။ ထို့ပြင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား နယ်မြေခံတပ်ရင်းများရှိ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။