မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်

မောင်တော၊ မီးလောင်မှု

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မတောင်ရပ်ကွက်၌ နိုဝင်ဘာ ၂ ရက် နံနက်၁ နာရီ မိနစ် ၅၀ တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်  နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့မတောင်ရပ်ကွက် ဗိုလ်မှူးရွာနေ ဦးအီမာန်ဟူဆောင်း ၄၀ နှစ်၏ ပေ ၂၀၊ ၂၅ ပေ၊ ၁၁ ပေ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းရာအနီးရှိ ဝါးထရံသို့  မီးကူးစက်လောင်ကျွမ်းသွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ မီးငြှိမ်းသတ် ယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အီမာန်ဟူဆောင်းအား မောင်တောမြို့မရဲစခန်းက (ပ)၆၆/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅  ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး