တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ ၁၉ ရက်

    ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်း သူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ကျောင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

  ထိုသို့ဆောင်ရွက်လျက်ရှိရာ နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ရှိ၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၃)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့၌    အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များက ကျောင်းဝန်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ဆောင်အတွင်း/အပြင် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

       ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ အခြေခံ ပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။