ဖျာပုံမြို့နယ်၊ ကျုံကျိုက်တိုက်နယ်ဆေးရုံ၊ ကျုံကျိုက်တိုက် ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဖျာပုံမြို့နယ်၊ ကျုံကျိုက်တိုက်နယ်ဆေးရုံ၊ ကျုံကျိုက်တိုက် ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၉

   သဘာဝလေဘေး တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ ကျုံကျိုက်တိုက်နယ်ဆေးရုံ၊ အခြေခံပညာ အထက်တန်းကျောင်း နှင့် မရဲ့ပျားမွတ်ကျေးရွာရှိ လူနေအိမ်များ ပြိုကျပျက်စီးမှုများကြောင့် လေဘေး သင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ သွပ်အမိုးများ အသစ် ပြန်လည်လဲလှယ်ပေးခြင်း၊ လိုအပ်သည့် ကူညီရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။