နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍    သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍    သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော် မေ - ၂၀

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီး ချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးခင်မောင်ရီ၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မ တော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးယာဉ်တန်း အဖွဲ့များက နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ သွားလာရန် ခက်ခဲသည့် ဒေသများသို့ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ခက်ခက်ခဲခဲ ချီတက်ခဲ့ရမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် မုတ်သုံ(Monsoon) သည် မေလ အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတို့သို့ ဆက်လက်ဝင်ရောက် လာနိုင်မည့်အခြေအနေများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မ တော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည့် အခြေ အနေများနှင့် ဆက်လက်ပို့ဆောင်သွားမည့် အခြေအနေများ၊ သဘာဝဘေးဒဏ်သင့်ဒေသ များ၌ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေး အဖွဲ့များက နယ်မြေခံကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ နေ့စဉ် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းရရှိသည့် အဝတ်အထည်များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြား သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရေး  လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိမှု၊ စက်မှု လယ်ယာအဖွဲ့များ၊ တိရစ္ဆာန်ဆေးကုအဖွဲ့များကိုလည်း စေလွှတ်ပေးလျက်ရှိမှု၊ သဘာဝ ဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက် ရာ၌ လိုအပ်လျက်ရှိသည့် သစ်ခွဲသားများကို စစ်တွေမြို့သို့ ဦးစွာပို့ဆောင်ပေးလျက်ရှိမှု၊  စာသင် ကျောင်း၊ ဆေးရုံများ၊ တက္ကသိုလ်တို့၌ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည် ပြုပြင် တည်ဆောက်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆောက်လုပ်ရေး သုံး ပစ္စည်းများလိုအပ်မှု၊ တည်ဆောက်ရေးပစ္စည်းများ မရောက်ရှိမီ ကြိုတင်ဆောင်ရွက် နိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ အသီးသီး တင်ပြ ကြသည်။

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရမည်

တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်က သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအနက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့သည် ပျက်စီးမှုအများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ လူထိခိုက်မှု များလည်းရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အဖွဲ့လိုက်ပြန့်ကျဲနေခြင်းမျိုး မဖြစ်စေရန်နှင့် အမှန်တကယ် လိုအပ်သည့်နေရာများ မကျန်ရှိစေရန်  နေ့စဉ် ဆွေးနွေးပွဲပြုလုပ်၍ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်မှုများကိုလည်း စနစ်တကျဖြင့် မှတ်ပုံ တင် ကာ ဆောင်ရွက်ရန်လိုကြောင်း၊ အဓိကလိုအပ်သည်မှာ သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများ၌ စားရေရိက္ခာများ ပြတ်လပ်မှုမရှိစေရေးနှင့် ဆက်သွယ်မှု ပြတ်တောက်မှု မရှိ အောင် ကနဦး ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ယခင် အတိုင်း ဖြစ်စေရေးအတွက်လည်း လမ်းကြောင်းများ၌ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ် ကိုင်းများကို စနစ်တကျဖယ်ရှားရှင်းလင်းရန်နှင့် ရှင်းလင်းရာမှ ရရှိလာသည် သစ်ပင်ကြီး များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုကြောင်း။

အရိပ်ရလေကာပင်များသည် မိမိတို့၏ ပတ်ဝန်းကျင်နှင့် လိုအပ်သည်ဖြစ်သော် လည်း လူနေအိမ်များအနီးနှင့် ဓာတ်တိုင်၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းမှုမရှိသည့် သက်တမ်းရင့် သစ်ပင်ကြီးများကိုမူ ဘေးအန္တရာယ်မရှိစေရေး ကြိုတင်ရှင်းလင်းထား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အုန်းပင်များနှင့် လမုပင်များသည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်အတွက် ကမ်းစပ်တစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသများအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် ယခင်ကတည်းက တိုက်တွန်း မှာ ကြားခဲ့ပြီးဖြစ်ပြီး ယခုလည်း ထပ်မံမှာကြားလိုကြောင်း၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ သစ်ပင်ကြီးမျိုးများ ပြန်လည်စိုက်ပျိုးနိုင်ရေး နှစ်နှစ်နှင့် အထက်၊ နှစ်ပေ အထက်အပင်များကို အရေအတွက်အများအပြား ပို့ဆောင်ပေးရန်လိုကြောင်း၊ အုန်းပင်နှင့် လမုပင်များကိုလည်း မြို့ပတ်လည်နှင့် လေကြောင်းသင့်သည်နေရာများတွင် အဓိက ထား စိုက်ပျိုးသွားရန်လိုကြောင်း။

သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့ပေးအပ်လျက်ရှိပြီး မကြာမီ တွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လေဆိပ်များတွင် Conveyor  များ ထားရှိဆောင်ရွက်သွားရန်လိုကြောင်း၊  ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိသည့် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်  အထူးဆေးကုသရေး အဖွဲ့များ အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အပြည့်အဝ ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ လိုအပ်သည့် ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်တင်းဆောင် ရွက်ပေးသွားရန်လိုကြောင်း။

ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီ အ တွင်း လူအင်အား၊ စက်ယန္တရားအင်အားသုံး၍ လုပ်ငန်းတွင်ကျယ်မှုရှိအောင် ဆောင် ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးသုံး သစ်ခွဲသားများကို ပို့ဆောင်ပေးလျက်ရှိ သကဲ့သို့ ဒေသတွင်း၌ လိုအပ်သည့် သစ်ခွဲသားများထုတ်လုပ်နိုင်ရန်လည်းလိုကြောင်း၊ သဘာဝဘေးအန္တရာယ် ခိုလှုံရာ Shelter များကိုလည်း ထပ်မံဆောက်လုပ်ပေးရန်လို ကြောင်း၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ Shelter များ ဆောက်လုပ်ပြီး ရွှေ့ပြောင်းပေးခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ သေဆုံးမှုရာခိုင်နှုန်း နည်းပါးခဲ့ရခြင်း ဖြစ်ကြောင်း၊ ထပ်မံဆောက်လုပ်ရာတွင် ခိုလှုံရေး၊ ပညာသင်ကြားရေး စသော Multipurpose အသုံးပြုနိုင်သည့် Shelter များအထိ ရေရှည်စဉ်းစားဆောင်ရွက်သွား ရန်လိုကြောင်း၊ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကုန်ဈေး နှုန်း ကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း အသားဘူး၊ ငါးဘူးများကို ပို့ဆောင် ပေးခြင်းနှင့် အသား၊ ငါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်အောင် စီမံဆောင် ရွက်ပေးသွားရန်လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်းများ၏ စားရေးသောက်ရေး အဆင်ပြေစေရေးအတွက် လည်း တာဝန်ရှိသူများက ကြည့်ရှုဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားပြီး လို အပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။