ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင်ပြင်ဆင်ရန်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ မေ - ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ မေ ၈ ရက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ခိုလမ်မြို့၊ သီရိမင်္ဂလာ ကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင် ခေါင်မိုးနှင့် မျက်နှာချပ်များ ပြိုကျပျက်စီးခဲ့သည်။ အဆိုပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဆွမ်းစားဆောင် ပြန်လည်ပြင်ဆင်ရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ၎င်းကျောင်းတိုက်၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညာသီရိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ထံ ဆွမ်းစားဆောင်ပြင်ဆင်ရန်အတွက် အလှူငွေများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆွမ်းစားဆောင် ပျက်စီးမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။