လဟယ်မြို့နယ်၊ ဆပ္ပလော်ရှောင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ မေ - ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူစစ် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ ဆပ္ပလော်ရှောင် ကျေးရွာရှိ ဒေသခံပြည်သူ စုစုပေါင်း ၈၃ ဦးအား အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ ဖျားနာ ရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အသည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။