နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ မေ - ၂၁

          နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြတပ်ခွဲများက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

          ထို့နောက် တိုင်းစစ်ဌာနချုပ်၊အောင်ငြိမ်းအေးခန်းမတွင် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကာလအတွင်း သင်တန်းများတွင် ထူးချွန်ဆုရရှိသည့် အရာရှိ၊ စစ်သည်များ၊ အိမ်ထောင်သည် လိုင်းသန့်ရှင်းရေး ဆုရရှိသည့် အိမ်ထောင် သည် ရဲမေများ၊ စွမ်းရည်သုံးရပ် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် တပ်ရင်းများ နှင့် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်၊ အမှတ်တရလက်ဆောင်ပစ္စည်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်ရှိ စစ်သည်၊ စစ်သမီးများက တိုင်းနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် “ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်း ရရှိသည်။