အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်း ချစ်ကြည်ရေးခြေစမ်း ဘောလုံးပြိုင်ပွဲ ကျင်းပ

အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်း ချစ်ကြည်ရေးခြေစမ်း ဘောလုံးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ မေ - ၂၁

          ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မွန်ပြည်နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်း ဘောလုံးပြိုင်ပွဲကို မေ ၂၀ ရက် ညနေပိုင်း တွင် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ဘောလုံးအသင်းများမှ ချစ်ကြည်ရေးအလံ လဲလှယ်ခဲ့ကြပြီး အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစား သမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး ဘောလုံးအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ချစ်ကြည်ရေးခြေစမ်း ဘောလုံးအားကစား ယှဉ်ပြိုင်နေမှုများအား  ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။