ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

၁။     မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့်   မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834  နှင့်  နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

၂။      မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 သည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် ဘဏ်ခွဲတွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက် နိုင်ပါသည်-

(က)     မြန်မာ့စီးပွားရေးဘဏ်နေပြည်တော်ဘဏ်ခွဲတွင်တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့ စီးပွားရေးဘဏ်၊ ဘဏ်ခွဲများ  နှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတဆင့် ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်။

(ခ)       ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေ စာရင်းများမှ စာရင်းပြောင်း ( Account Transfer ) နည်းလမ်းဖြင့် လှူဒါန်း နိုင်ပါသည်။

(ဂ)      K Pay ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၃၃၊ ၀၉-၂၅၅၀၀၁၅၃၄ တို့သို့လည်းကောင်း

           Wave Money ဖြင့် လှူဒါန်းလိုပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ကော်မတီ၏ ဖုန်းနံပါတ် ၀၉-၂၅၅၀၀၁၅၄၂၊ ၀၉-၂၅၅၀၀၁၅၄၃ တို့သို့ လည်းကောင်း လှူဒါန်း နိုင်ပါသည်။

၃။     နိုင်ငံခြားငွေစာရင်းအမှတ် ( 1DA-0300086) သည် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူများအနေဖြင့် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါသည်-

 

(က)     မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသား တို့ဖြင့် တိုက်ရိုက်ပေးသွင်း လှူဒါန်းနိုင်ပါသည်။

 (ခ)      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။

(ဂ)      ပြည်တွင်း/ ပြည်ပမှနိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-

-         SWIFT CODE /BIC    -         MFTBMMMY

-         Beneficiary Name    -         Natural Disaster Management Fund

-         Beneficiary  A/C No  -         1DA-0300086 သို့လှူဒါန်းနိုင်ပါသည်။

၄။      ထို့အပြင် အခြားသော အီလက်ထရောနစ်ငွေပေးချေမှုစနစ် နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ ဖြင့်လည်း လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့် ထပ်မံအသိပေးကြေညာ သွားမည်ဖြစ်ပါသည်။

၅။      လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်း နိုင်ပါသည်-

 

နေပြည်တော်

ရန်ကုန်မြို့

မန္တလေးမြို့

ဒေါ်လဲ့လဲ့အေး

ညွှန်ကြားရေးမှူးချုပ်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၅၀

၀၉-၂၀၂၁၄၉၁

ဦးသန်းစိုး

ညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၂၅၀၁၂၃၈၈၅

 

ဦးအေးမင်းသူ

ညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၄၂၀၇၀၈၈၂၇

နေပြည်တော်

ရန်ကုန်မြို့

မန္တလေးမြို့

ဦးဝင်းရွှေ

ဒုတိယညွှန်ကြားရေးမှူးချုပ်

‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

၀၆၇-၃၄၀၄၀၄၈

၀၉-၂၅၄၁၇၀၀၁၁

 

ဒေါ်သန်းသန်းဝင်း

ဒုတိယညွှန်ကြားရေးမှူး

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

၀၉-၄၂၀၇၄၀၁၆၀

 

         

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ