သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ မေ - ၂၁

          သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် အများပြည်သူ သွားလာရေးအဆင်ပြေစေရန် လမ်းမများပေါ်တွင် ပိတ်ဆို့နေသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း ကျောင်းဝန်းအတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊  နယ်လှည့် ဆေးကုသရေးအဖွဲ့မှလည်း ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံတပ်မတော်သားများနှင့်ပူးပေါင်း၍ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုး လန်ပျက်စီးသွားသည့် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအား ပြန်လည် ပြုပြင်ပေးခြင်းနှင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ပေးသည့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများအား အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည်။

          ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များ သည်လည်း  ဒေသခံပြည်သူများအား သောက်သုံးရေများ ဖြန့်ဖြူးပေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိ သည်။

          အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့ရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် ရေပေးဝေခြင်းများနှင့် လိုအပ်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။

          ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် လေဘေးသင့်ပြည်သူများ ယာယီခိုလှုံနေထိုင်ရာ၌ အဆင်ပြေ ချောမွေ့စေရေး ယာယီတဲဆောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

          ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လဲကျနေသော သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးများ ဆောင် ရွက်လျက်ရှိသည်။

          ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများ အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်လာပါက  အမြန်ဆုံး သွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိ သည်။

          ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်း တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံ ကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။